⚽ လာမယ့်ရာသီမှာ အာဆင်နယ် နောက်တန်း အတွက် အားကိုးရမယ့် ကစားသမား တစ်ဦးနာမည်ကို ပြောကြားလိုက်တဲ့ ဆီဗက်စတား ⚽           ➖➖➖➖➖➖➖➖➖➖➖➖➖➖ ➖➖➖➖➖➖➖➖➖➖➖➖➖➖ ➖➖➖➖➖➖➖

အာဆင်နယ် အသင်း နောက်ခံလူဟောင်း ဆီဗက်စတား ကတော့ စိန့်အက်တီယန် အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ နောက်ခံလူ ဆာလီဘာ ဟာ လာမယ့် ရာသီမှာ အာဆင်နယ် နောက်တန်း အတွက် အားကိုးရတဲ့ ကစားသမားဖြစ်လာနိုင်ကြောင်း သုံးသပ် ပြောကြား လိုက်ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွရောသီ အပြောင်းအရွှေ့တုန်းက စိန့်အက်တီယန် နောက်ခံလူ ဝီလီယံ ဆာလီဘာ ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း နဲ့ ငါးနှစ် စာချူ ပ်ချုပ် ခေါ်ယူ ခဲ့ပြီး စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား ပြန်ချ ထားခဲ့ပါတယ် ။ ဆာလီဘာ ဟာ စိန့်အက်တီယန် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရနေသူပြီး ဆီဗက်စတား ကတော့ ပြင်သစ်သားဟာ အာတီတာ ရဲ့ အာဆင်နယ် အသင်းမှာ ပွဲထွက် ကစားနိုင်တဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားကြောင်း ပြောကြား လိုက်ပါတယ် ။ ဆီဗက်စတား က Bet Pensylvania ” ဆာလီဘာ ကတော့ လာမယ့် ရာသီမှာ အာဆင်နယ် နဲ့ ပူးပေါင်းတာနဲ့ ချက်ချင်း အခွင့်အရေးရမယ့် သူပါ ၊ အခု အချိန်မှာ ရုန်းကန်နေရတဲ့ စိန့်အက်တီယန်အတွက် ကစားနေရပေမယ့် သူ့စွမ်းဆောင်ရည်က ကောင်းသလို တည်ငြိမ်ပါတယ် ။ ” ” ခံစစ်ပိုင်းမှာလည်း သန်မာမှု ရှိတာကို တွေ့မြင် ရပါတယ် ၊ ဒါကြောင့် ရာသီကြိုမှာ သူ့ရဲ့ခြေစွမ်းကောင်းတွေ မြင်တွေ့ ရပါလိမ့်မယ် ၊ အဲ့ဒီ အချိန်မှာ အထိုင်ကျဖို့ အချိန်ယူရမှာ ဖြစ်ပေမယ့် အာဆင်နယ် ကစားသမားတွေ ၊ ဝန်ထမ်းတွေဆီကနေ ပညာသင်ယူဖို့ အချိန် လုံလုံလောက်လောက်ဂရပါတယ် ။ ” ” နောက်ပြီး သူက အသက်ငယ်သေးသလို ပြင်သစ် လီဂူး ၁ ကနေလည်း အတွေ့အကြုံကောင်းတွေ အများကြီး ရထားသူပါ ။ တခြား ဗဟိုနောက်ခံလူတွေဆီကနေ ပညာတွေ သင်ယူရဦးမှာ ပါ ၊ ဒါပေမယ့် တစ်နေ့တစ်ချိန်မှာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာနိုင်သူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် နောက်ခံလူ ဆာလီဘာ ဟာ ဒီရာသီမှာ စိန့်အက်တီယန် အသင်း အတွက် ပြိုင်ပွဲစုံ ၁၈ ပွဲ ကစားပေးထားပါတယ် ။ ဆက်လက်ပြီး ဆီဗက်စတား က ဆာကာ ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးလည်း ” ကျနော် လက်တလောတင် ဆာကာ နဲ့ တွေ့ခဲ့ပါသေးတယ် ၊ ဒီရာသီ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အပေါ် ဂုဏ်ပြု ခဲ့ပါတယ် ၊ ကျနော်တို့ သိထားရမှာက သူ့အတွက် ခံစစ်မှာ ကစားရတာက အသစ်အဆန်းပါ ၊ ဒါကြောင့် အခုမှ သင်ယူနေဆဲပါ ။ ” ” ခံစစ်မှာ ကစားရတဲ့အခါ အမှား လုပ်မိတာနဲ့ ပေးဆပ်မှုက ကြီးမားပါတယ် ၊ သူက သင်ယူနေဆဲပါ ၊ အထူးသဖြင့် ဆုံးဖြတ်ချက် မှန်ကန်ဖို့ နဲ့ ခံစစ်မှာ နေရာယူ မှန်ကန်အောင် ကစားနိုင်ဖို့ သင်ယူ နေဆဲပါ ။ ” ” သူ့မှာ ထိပ်တန်း မော်ဒန် နောက်ခံ အစွန်လူ တစ်ဦးရဲ့ အရည်အချင်းတွေ အားလုံး ရှိပါတယ် ၊ တိုက်စစ်ကို ကောင်းကောင်း လိုက်ပါ နိုင်သလို ဘယ်တောင်ပံ ကစားသမားနဲ့လည်း ပူးပေါင်း ကစားနိုင်ပါတယ် ၊ သူ့ နေရာအတွက် ကိုလာစီနက် ၊ တီယာ​နေး တို့နဲ့ ယှဉ်ပြိုင်ရမှာပါ ၊ ဒါပေမယ့် အသင်းအတွက်တော့ ရွေးချယ်စရာ များသွားတာပေါ့ဗျာ ။ ” လို့ ဆိုပါတယ် ။ Credit လေးစားစွာဖြင့် ================= 🙏


Share: