သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ် အကောင်းဆုံး အသင်းခေါင်းဆောင် စာရင်းမှာ ဂျရတ်ရဲ့အထက်မှာ မော်ဂန်ကို ရွေးချယ်ခဲ့တဲ့ အီရန်ရိုက်

                     အီရန်ရိုက်ကတော့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်အကောင်းဆုံးအသင်းခေါင်းဆောင်စာရင်းမှာ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ဂျရတ်ရဲ့အထက်မှာ လက်စတာအသင်းခေါင်းဆောင် ဝက်စ်မော်ဂန်ကို ရွေးချယ်လိုက်ပါတယ်။ အာဆင်နယ်ဂန္တဝင် နဲ့ အစီအစဉ်တင်ဆက်သူဟာ ၂၀၁၅ - ၁၆ ရာသီမှာ လက်စတာအသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလားရရှိတုန်းက ဟီးရိုးဖြစ်ခဲ့တဲ့ မော်ဂန်ကို ဂျရတ်ရဲ့အထက်မှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဂျမေကာသားဟာ လက်စတာအသင်းနဲ့အတူပွဲပေါင်း ၃၈ ပွဲအထိ ပါဝင်ကစားခဲ့ပြီး အသင်းဆုဖလား ရရှိခဲ့တဲ့နေရာမှာ အဓိကကစားသမားအဖြစ် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂယ်ရီလိုင်နီကာက အီရန်ရိုက်နဲ့ အလန်ရှီးယားတို့ကို ဂျရတ်ရဲ့အထက်မှာ မော်ဂန်ကို ဘာကြောင့် ရွေးချယ်ခဲ့ရသလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။ အဆိုပါမေးခွန်းထုတ်မှုကို အီရန်ရိုက်က ဘောလုံးသမားတစ်ဦးအနေနဲ့ကြည့်ရင် မော်ဂန်က ပရီးမီးယားလိဂ်ဖလားရခဲ့ပါတယ်။ “ဒါကြောင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ လက်စတာအသင်း ဒီလိုဖလားရမယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ပါဘူး။ ဂျရတ်လည်း နီးစပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မော်ဂန်ကတော့ လက်စတာအသင်းနဲ့အတူ ဘယ်သူမှမထင်မှတ်ထားတာကို စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကန်တီ ၊ မာရက်ဇ် နဲ့ ဗာဒီတို့လည်း ပါဝင်ခဲ့ပေမယ့် မော်ဂန်က ပိုကောင်းခဲ့တယ်လို့ ထင်ပါတယ်”လို့ အီယန်ရိုက်က ပြောကြားခဲ့ပါတယ်။ ဂျရတ်ဟာ လီဗာပူးအသင်းမှာ ၁၂ နှစ်ကြာ အသင်းခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် အသင်းကို ၂၀၀၅ ခုနှစ်ချန်ပီယံလိဂ်ဖလားမှာ ပြန်လာနိုင်ခဲ့တဲ့တစ်ကြိမ်ပဲ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခြားအစီအစဉ်တင်ဆက်သူ ၃ ဦးကလည်း ယူနိုက်တက်ကစားသမား ရွိုင်ကိန်း နဲ့ ချဲလ်ဆီး အသင်းခေါင်းဆောင် တယ်ရီတို့ကို ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ထိပ်တန်းအသင်း ခေါင်းဆောင်တွေအဖြစ် သဘောတူညီခဲ့ကြပါတယ်။

Credit original uploader

Copy from  ေဘာလံုးစတား

Share: