⚽ #Barcelona ကစားများ #Covid-19 ပြဿ နာအတွက်လစာလျှော့ယူပြီး အသင်းကိုကူညီဖို့ အသင့်ဖြစ်နေ ⚽ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ➖➖➖➖➖➖➖➖➖

#Covid-19 ပြဿနာဖြစ်ပွားနေချိန်မှာ လစာလျှော့ယူပြီး အသင်းကိုကူညီပေးသွားဖို့အတွက် ဘာစီလိုနာကစားသမားတွေက အသင့်ရှိနေတယ်လို့ စပိန်နာမည်ကြီးသတင်းစာ #Marca က ဖော်ပြသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းကမှ ဘာစီလိုနာက ကစားသမားတွေကို လစာလျှော့ချဖို့အတွက် ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်လာခဲ့ပြီးနောက် ကစားသမားတွေကလည်း လက်ခံသွားဖို့ရှိနေတာဖ်ြစပါတယ်။ ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူက အသင်းခေါင်းဆောင်လေးဦးဖြစ်တဲ့ #Messi၊ #ဘက်ကွက်စ်၊ #အယ်လ်ဘာနဲ့ #ဆာဂျီရော ဘတ်တို့ကို လစာလျှော့ချမယ့်ကိစ္စနဲ့ပတ်သက်ပြိး တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ SPORT ကလည်း ဖော်ပြခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ လက်ရှိအခြေအနေကို ကောင်းစွာနားလည်ထားပြီး သဘောတူညီမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ မချမှတ်ရသေးဘဲ လာမယ့်ရက်အတွင်းမှာ သဘောတူညီမှုရရှိဖွယ်ရှိတယ်လို့ သိရပါတယ်။ ကစားသမားတွေရဲ့ လစာငွေကို ကာမိစေဖို့ ဝင်ငွေယူရို ၁ဘီလီယံအထိ ဘာစီလိုနာဘက်က လိုအပ်နေခဲ့ပြီး ဘောလုံးပွဲတွေရပ်ဆိုင်းထားချိန်မှာ အဆိုပါဝင်ငွေကို ရရှိဖို့ မလွယ်ကူဘဲဖြစ်နေခဲ့ပါတယ်။ ကွင်းဝင်ကြေး၊ ဂျာစီရောင်းရငွေ၊ ရုပ်သံထုတ်လွှင့်မှုနဲ့ အခြားသောစပွန်ဆာတွေထံမှ ပုံမှန်ရရှိနေတဲ့ ဝင်ငွေတွေ ထိခိုက်နစ်နာခဲ့ပြီး အသင်းရဲ့ဘဏ္ဍာရေးအခြေအနေက ယိမ်းယိုင်လာနိုင်တဲ့အနေအထားမှာ ရှိနေခဲ့ပြီးနောက် တာဝန်ရှိသူတွေက လစာငွေလျှော့ချဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားရတဲ့ကာလအတွင်းမှာ ဘာစီလိုနာအတွက် ယူရိုသန်း ၆ဝအထိ နစ်နာဆုံးရှုံးနိုင်တယ်လို့ အစီရင်ခံစာတွေအရလည်း သိရပါတယ်။ Credit လေးစားစွာဖြင့် ================= 🙏


Share: