👉🏻💥 #မက်ဆီရဲ့ ကစားပုံက အခုဆိုရင် ထိန်းချုပ်ရ လွယ်ကူနေပါပြီလို့ ဆိုလိုက်တဲ့ #ရာမီ 💥👈🏻 လီယွန်နယ် မက်ဆီတစ်ယောက် ပီအက်စ်ဂျီကို ရောက်လာတာက လီဂူးဝမ်း နောက်ခံလူတွေအတွက် ကြောက်စရာ ဖြစ်ပေမဲ့ ရာမီကတော့ လက်ရှိ ဘာစီလိုနာ ဂန္တဝင်ရဲ့ ကစားပုံကြောင့် ပိုပြီး ထိန်းချုပ်ရ လွယ်ကူသွားပါပြီလို့ ပြောခဲ့ပါတယ်။လက်ရှိ ထရိုယက်စ်မှာ ကစားနေပြီး ဆီဗီလာမှာတုန်းက မက်ဆီနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ရာမီဟာ ဘော်လွန်းဒီအော် ၆ကြိမ်ရ ကစားနဲ့ ရင်ဆိုင်ခဲ့တဲ့ ၁၂ပွဲမှာ ၁ပွဲမှ မနိုင်ဖူးပါဘူး။ ဒါပေမဲ့ ရာမီက လက်ရှိမှာ မက်ဆီရဲ့ ကစားပုံက ပြောင်းလဲသွားတာကြောင့် ထိန်းချုပ်ရ လွယ်ကူနေပါပြီလို့ ပြောခဲ့ပါတယ်။ရာမီက ကျွန်တော် သူနဲ့ ရင်ဆိုင်တဲ့အခါ တစ်ခါမှ မနိုင်ဖူးပေမဲ့ သရေပွဲတွေလဲ ရှိတယ်လေ၊ ပြီးတော့ သူ့ဆီက ဂျာစီ ၅ကြိမ်တောင် ရဖူးတယ်။ သူက အရွယ်ကောင်းပြီး အရင်ကဆိုရင် ကျွန်တော့်ကို ကျော်ဖြတ်နေကျ ဖြစ်ပါတယ်။ သူ လူကျွံနေတဲ့ပုံရပေမဲ့ သူကွင်းလယ်ကနေ ပြေးထွက်သွားပြီး ဂိုးသွင်းသွားပြန်ပါတယ်။ အခုတော့ သူက ဘောလုံး ပေးပို့ဖန်တီးသူ အဖြစ် ကစားနေတာကြောင့် ခံစစ်မှူးတွေအနေနဲ့ စောင့်ပြီး ဖြတ်ထုတ်လို့ ရပါတယ်။ သူ အရင်ကလို တစ်ကိုယ်တော်အစွမ်းနဲ့ ထိုးဖောက်မှုတွေ သိပ်မလုပ်နိုင်တော့ဘူးလို့ ထင်ပါတယ်လို့ ပြောခဲ့ပါတယ်။မက်ဆီဟာ ပီအက်စ်ဂျီအတွက် ပွဲအစ ၃ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ မန်စီးတီးကို ၂ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲမှာတော့ လှပတဲ့ သွင်းဂိုး၁ဂိုကို သွင်းယူပေးခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ ဒီမာရီယာ ပါလာရင် မက်ဆီတစ်ယောက် နေမာ၊ မက်ပီတို့ ၃ယောက်တန်းရဲ့နောက် Second Strikerအဖြစ် ကစားသွားမှာ ဖြစ်ပါတယ်။ မက်ဆီဟာ တိုက်စစ်မှာ ကြောက်စရာကောင်းတဲ့ မက်ပီနဲ့ တွဲဖက်ကာ ပြိုင်ဘက်တွေအတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်စေဦးမယ်လို့ ရာမီက ယုံကြည်နေပါတယ်။ကျွန်တော်က ကိုင်လီ မက်ပီရဲ့ အမာခံ ပရိသ်တစ်ဦး ဖြစ်ပြီး မက်ဆီနဲ့ဆိုရင် အရမ်းအတွဲအဖက် ညီမှာမို့လို့ သူ ပီအက်စ်ဂျီမှာ ဆက်နေခဲ့တာ ကျွန်တော် ပျော်ပါတယ်။ မက်ပီသာ သူ့ရဲ့ ကစားတဲ့နေရာကို သေချာနားလည်ရင် အခြားအသင်းတွေကို တော်တော်လေး ခံစားရစေမှာပါလို့ ပြောခဲ့ပါတယ်။ #messi #adilrami #Creditလေးစားစွာဖြင့်

Share: