👉🏻💥 #ဆိုးလ်ရှား လက်အောက်မှာ သူ့ရဲ့ အခန်းကဏ္ဍတွေဟာ မကြာခင် ပြောင်းလဲလာဖို့ရှိကြောင်း ပြောပြလိုက်တဲ့ #လင်ဂတ် 💥👈🏻 မန္ခ်က္စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဂ်က္စီ လင်ဂတ် က သိပ်မကြာခင် ရက်သတ္တပါတ် အနည်းငယ် အတွင်းမှာ နည်းပြ အိုလီ ဂန္နား ဆိုးလ်ရှားရဲ့ လက်အောက် သူ့ရဲ့ အခန်းကဏ္ဍတွေဟာ ပြောင်းလဲသွားနိုင်ကြောင်း ခန့်မှန်း ပြောကြား သွားခဲ့လိုက် ပါတယ် ။ဂ်က္စီ လင်ဂတ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန္ခ်က္စတာ ယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့်တွေကို လုံလောက်စွာ မရရှိခဲ့တဲ့အတွက် ဝက်စ်ဟမ်း အသင်းထံ ရာသီဝက် အငွား သွားရောက် ကစားခဲ့ပါသေးတယ် ။ အဲ့ဒီမှာတော့ သူဟာ ဘောလုံး အားကစားကို တစ်ဖန် ပြန်လည် ပျော်ရွှင် ခံစားနိုင်ခဲ့ ပါတယ် ။သူဟာ ဝက်စ်ဟမ်း အသင်းအတွက် ကစားပေးထားခဲ့တဲ့ ပထမဆုံး ပွဲစဉ် 9 ပြဲမွာပဲ 9 ဂိုး သွင်းယူ 3 ကြိမ် ဂိုး ဖန်တီးပေးခဲ့တဲ့နောက် နွေဈေးကွက်မှာ လန်ဒန်အခြေစိုက် ကလပ်ဆီ အပြီးသတ် ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေ ကျယွလောင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဆိုးလ်ရှားက သူ့ကို မရောင်းချခဲ့ပဲ အသင်းမှာပဲ ဆက်ထားခဲ့ပါတယ် ။ဒီနှစ်မှာတော့ လင်ဂတ်ဟာ ပေါ့ဂ်ဘာ ၊ ဘရူနို ၊ ဂရင်းဝုဒ် ၊ ဆန်ချို တို့ကို ကျော်ဖြတ်ပြီး ပွဲထွက်ကစားခွင့်တွေ မရရွိခဲ့ပါဘူး ။ ဒါပေမဲ့ လူစားဝင် ကစားရာကေန အသင်းအတွက် အဖိုးတန်သွင်းဂိုး ၊ ဖန်တီးမှုတွေကို လုပ်ဆောင်ရင်း ပွဲထွက် ကစားခွင့်နဲ့ ထိုက်သန်သူ ဖြစ်ကြောင်း သက်သေပြသွားနိုင်ခဲ့ ပါတယ် ။ဒါပေမဲ့ သူဟာ အခုထိ ပွဲထွက်ကစားခွင့်တွေ ရရွိသြားဖို့ ရုန်းကန်နေရဆဲပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ ကလည်း ဒဏ်ရာမှ ပြန်ကောင်းလာပြီ ဖြစ်တဲ့အတွက် လင်ဂတ်ရဲ့ ပွဲကစားခွင့်တွေ တိုးတက်လာနိုင်ခြေ အနှုတ် လက္ခဏာပဲ ဆောင်နေခဲ့ပါတယ် ။အခုတော့ လင်ဂတ်က ပွဲထွက် ကစားခွင့်တွေ မရရှိခြင်းက တကယ့်ကို ခက်ခဲလှကြောင်း ၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေအရ မကြာခင် ရက်သတ္တပါတ် အတွင်း သူ့ရဲ့ အခန်းကဏ္ဍတွေဟာ ပြောင်းလဲ လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။ ဒါ (ပွဲထွက်ခွင့်တွေ မရတာ) ဟာ တကယ့်ကို ခက်ခဲလှပါတယ် ။ ပြီးခဲ့တဲ့ အချိန်ကာလ တစ်ခုအတွင်း ကျွန်တော် ရှိနေခဲ့တဲ့နေရာ ၊ ပွဲစဉ်တွေ မကစားရမွု ၊ အင်္ဂလန် အသင်းမှာ နေရာမရခဲ့မှုကနေ အခု ပြန်လည်ရွေးချယ်ခံနေရပါပြီ ။ အလုပ်ကြိုးစားမယ် ၊ ယုံကြည်မှုထားရှိမယ်ဆိုရင် ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာ ဒါက သက်သေပါပဲ ကျွန်တော် ကစားခွင့်တွေ လွဲချော်ခဲ့ရတဲ့ အချိန်မှာ စိတ်မကျေမနပ် ဖြစ်ခဲ့ရပါသေးတယ် ။ ဒါပေမဲ့ ကျွန်တော်ဟာ ကောင်လေးတွေကို တက်နိုင်သလောက် support ပေးမြဲ ပေးနေခဲ့ပါတယ် ။ အဲ့ဒီလို လုပ်ဆောင်ရခြင်းက ခင်ဗျားကို ပွဲကြီးပွဲကောင်း ကစားဖို့ ၊ ပြိုင်ပွဲကြီးတွေမှာ ကစားဖို့ ဆာလောင်မှု ၊ တက်ကြွမှုတွေကို ပေးဆောင်ပါတယ် ခင်ဗျားကတော့ အမြဲတမ်းပဲ ပွဲထွက် ကစားခွင့်တွေကို ရရှိချင်မှာပါ ။ ကျွန်တော်ကတော့ အရံ ပါဝင်ရတဲ့ အချိန်တွေမှာ ကစားပေးဖို့ အမြဲတမ်း အဆင်သင့် ရှိနေခဲ့သူပါ ။ ကျွန်တော့်ကို နည်းပြက လိုအပ်တဲ့ အချိန်မှာ အမြဲတမ်း အဆင်သင့် ဖြစ်နေဖို့ ကျွန်တော် အချိန်တိုင်း ကြိုးစားခဲ့ရ ပါတယ် လက်ရှိ အချိန်မှာတော့ ကျွန်တော်ဟာ အဲ့ဒီလို အခိုက်အတန့်တွေကို ကျော်ဖြတ်နေခဲ့ရ ပါတယ် ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ မကြာသေးခင်က ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေ အရေတာ့ သိပ်မကြာခင် ရက်သတ္တပါတ် အတွင်းမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍတွေဟာ ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့် ၊ တွေးတောမိပါတယ် လို့ လင်ဂတ် က ဖွင့်ဟ သွားခဲ့လိုက် ပါတယ် ။ #lingard #solskjaer #Creditလေးစားစွာဖြင့်

Share: