👉🏻💥 ထရိန်နင် ပြန်ဆင်းနိုင်နေပြီဖြစ်တဲ့ #ဆာဂျီယိုအဂူရိုနဲ့ #အူစမာဒမ်ဘီလီ 💥👈🏻 တနင်္လာနေ့ကပဲ ဘာစီလိုနာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အူစမာဒမ်ဘီလီနဲ့ ဆာဂျီယိုအဂူရိုတို့နှစ်ဦးရဲ့ ကာလရှည်ဒဏ်ရာတွေ သက်သာလာခဲ့ပြီး ထရိန်နင်ပြန်ဆင်းနိုင်ခဲ့တာကြောင့် ဘာကာရဲ့ တိုက်စစ်အင်အားက ပိုမိုတောင့်တင်းလာဖို့ ရှိနေပါတယ်။ဒမ်ဘီလီကတော့ ယူရို ၂၀၂၀ မှာ ပြင်သစ်အသင်းအတွက် ကစားပေးရင်း ရရှိခဲ့တဲ့ ညာဘက်ဒူးဒဏ်ရာကို ဇွန်လက ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ထရိန်နင် ပြန်ဆင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းမှာ ဆယ်စုနှစ်တစ်ခုအကြာ ကစားခဲ့တဲ့ အဂူရိုကတော့ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဘာကာကို အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် ပွဲဦးထွက်တောင် မကစားနိုင်သေးပါဘူး။ သြဂုတ်လ ၈ ရက်နေ့က ရာသီကြိုထရိန်နင်မှာ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ထရိန်နင်ပြန်ဆင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ကစားသမားနှစ်ယောက်စလုံး ထရိန်နင်အသီးသီး ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်းကို ဘာစီလိုနာရဲ့ တရားဝင်တွစ်တာ အကောင့်မှာ တင်ခဲ့ပေမယ့် နည်းပြရော်နယ်ကိုးမန်းရဲ့ လူစာရင်းမှာ မပါဝင်မီ အပြီးသတ်ဆေးစစ်မှုတွေတော့ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ ကတ္တာလန်ကလပ်ဟာ တနင်္ဂနွနေ့မှာ ဗလင်စီယာကို လာလီဂါပွဲစဉ်အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာကာဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိထားပြီး အဲ့ဒီထဲက ၄ ပွဲကိုလည်း ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ဒီပွဲပြီးရင်တော့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ဒိုင်နမိုကိဗ်ကို ချန်ပီလိဂ်ပွဲစဉ်အဖြစ် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဘာကာဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ ဒိုင်နမိုကိဗ်နဲ့ ပွဲစဉ်ပြီးရင်တော့ တနင်္ဂနွနေ့မှာ အစဉ်အလာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်လို့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ #sergioaguero #ousmanedembélé #Creditလေးစားစွာဖြင့်

Share: