👉🏻💥 Ballon D'Or ဆု ဆွတ်ခူးနိုင်ခြေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးခဲ့တဲ့ #မေဆင်မောင့် 💥👈🏻 ချဲလ်ဆီး အသင်း ရဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ် က ထုတ်ပြန် ကြေညာခဲ့တဲ့ France Football ရဲ့ Ballon DOr ဆု အတွက် ဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းမှာ ပါဝင် ရွေးချယ်ခံခဲ့ရပါတယ် ။မောင့် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွက် ချဲလ်ဆီး အသင်းရဲ့ တနှစ်တာ အကောင်းဆုံး ကစားသမား တဦး အဖြစ် သတ်မှတ်လို့ ရနိုင်ပြီး ၊ ချန်ပီယံဖလားနဲ့ ဥရောပ စူပါဖလား ဆွတ်ခူးနိုင်ခဲ့ကာ ၊ အင်္ဂလန် အသင်းနဲ့ အတူ ယူရို ၂၀၂၀ ဗိုလ္လုပြဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ် ။Ballon DOr ဆု အတွက် ရေပန်းစားမှု အဆင့် သတ်မှတ်ချက်မှာတော့ လီယွန်နယ် မက်ဆီ ၊ ရောဘတ် လီဝမ်ဒေါစကီး တို့အပြင် ၊ ကလပ် အသင်းဖော် ဂျော်ဂျင်ဟို ၊ အန္ဂိုလို ကန်တေ တို့လောက် မမြင့်မားပေမယ့် ၊ အခုလို ဆန်ခါတင် စာရင်းမှာ ပါဝင်နိုင်တယ် ဆိုကတည်းက ၎င်းအဖို့ ဂုဏ်ယူစရာ ဖြစ်လို့ နေပါပြီ ။လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားဖို့ ပူးပေါင်းနေတဲ့ မောင့် ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ Ballon DOr ဆု ဆွတ်ခူးနိုင်ခြေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို အခုလိုပဲ ပွင့်ပွင့်လင်းလင်း တုန့်ပြန် ဖြေကြားခဲ့ပါတယ် ။မောင့် က ကျွန်တော် ကေတာ့ ရမယ္လို့ မထင်ပါဘူး ။ ဒါပေမယ့် ခင်ဗျား ဘယ်တော့မှ ကြိုမြင်နိုင်မှာ မဟုတ်ပါဘူး ။ ကျွန်တော့ အတွက် အရေးကြီးဆုံး အရာ က နောက်ထပ် မြင့်မားတဲ့ ခြေစွမ်း အဆင့်တွေကို တက်လှမ်း ရောက်ဖို့ပါပဲ ။ အခုလို Ballon DOr ဆု အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ခွင့် ရတာ ကျွန်တော့ အတွက် စပါယ်ရှယ် ဖြစ်ပါတယ် ။ ကျွန်တော်ဟာလည်း ဒီစာရင်း ပါဝင်ခဲ့တာကို အခြားသူတွေ နည်းတူ ထုတ်ပြန်တဲ့ တချိန်တည်းမှာမှ သိခဲ့တာပါ ။ ဒီလို နာမည်ကြီး ကစားသမား အမ်ားအျပား အကြားမှာ ဒီဆု အတွက် ဆန်ခါတင် စာရင်းမှာ ပါဝင်ခွင့် ရတာ ကျွန်တော့ အတွက် အိပ်မက် တခု သဖွယ်ပါပဲ ။ ဒါဟာ ဒီ နှစ်အနည်းငယ် အတွင်း ကျွန်တော့ရဲ့ ပြင်းထန်တဲ့ ကြိုးစား အားထုတ်မှုတွေကြောင့် ဖြစ်လာတဲ့ ရလဒ် တခုပဲလို့ ထင်ပါတယ် ။ ကိုယ်နဲ့ ထိုက်တန်တဲ့ အကျိုးကို ပြန်ခံစားရတယ်လို့ ကျွန်တော် မြင်ပါတယ် ။ ဒါပေမယ့် ဒါဟာ အစပဲ ရှိပါသေးတယ် ။ ဒီ အခိုက်အတန့် တခုတည်းက ကျွန်တော့ကို ရပ်တန့်စေမှာ မဟုတ်ပါဘူး ။ လို့ ပြောကြားခဲ့ပါတယ် ။အင်္ဂလန် ဟာ ယနေ့ညမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်တဲ့ နောက်တသင်း ဖြစ်လာဖို့ အတွက် ဟန်ဂေရီ အသင်း ကို အိမ်ကွင်း ဝင်ဘလေမှာ အနိုင်ကစားရမှာ ဖြစ်သလို ၊ အုပ္စု ဒုတိယ နေရာနဲ့ တတိယ နေရာက အယ်လ်ဘေးနီးယားနဲ့ ပိုလန် အသင်းတို့ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုကနေ သေရ ရလဒ် ထွက်ပေါ်ဖို့လည်း လိုနေပါတယ် ။အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲ သက်တောင့်သက်သာ အောင်ဖို့ ရှိနေပေမယ့် ၊ မောင့် ကေတာ့ အင်္ဂလန် ဟာ ပေါ့ပေါ့ပျက်ပျက်နဲ့ လက်ကျန် အုပ်စုပွဲတွေကို ရှေ့ဆက်မှာ မဟုတ်ကြောင်းကို ဦးဆောင်သူတွေဆိုတာ ပြင်းပြတဲ့ စိတ်ဓာတ် ခံယူခ်က္ကို ဘယ်တော့မှ လျှော့ချမှာ မဟုတ်ပါဘူး ။ အစုအဖွဲ့ တခု အနေနဲ့ ကျွန်တော်တို့ဟာ တယောက်နဲ့ တယောက် စိတ်ချင်းနီးကြပါတယ် ။ ကျွန်တော်တို့ဟာ ကိုယ်ပိုင် အဆင့်အတန်းကို မြင့်မြင့်မားမား ထားကြပြီး ၊ ဘယ်တော့မှ သတ်မှတ်ထားတာထက် လျော့ကျအောင် လုပ်မှာ မဟုတ်ပါဘူး ။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲအနည်းငယ်မှာ ကျွန်တော်တို့ဟာ သိပ်အားရစရာ မကောင်းတဲ့ ကစားပုံမျိုးသာ ပြသနိုင်ခဲ့ပြီး ၊ ဒါဟာ ကိုယ့်ကိုယ်ကို ခက်ခဲအောင် လုပ်နေတာနဲ့ တူနေပါတယ် ။ ဒါပေမယ့် ပြဲကို မှန်ကန်တဲ့ ခံယူချက် ၊ နည်းစနစ် ၊ ကစားပုံ တွေနဲ့ ချဉ်းကပ်ခြင်းကသာ ပိုမို လွယ်ကူအောင် ကူညီပေးနိုင်မှာ ဖြစ်ပါတယ် ။ ဒါဟာ အသင်းလိုက် စုစည်းမှုအား ကောင်းခြင်း မကောင်းခြင်း အပေါ်မှာပဲ မူတည်ပါတယ် ။ လို့ ပြောကြားခဲ့ပါတယ် ။ #masonmount #Creditလေးစားစွာဖြင့်

Share: