👉🏻💥 ကမ္ဘာ့ဖလားဝင်ခွင့်ရတဲ့ ပထမဆုံးအသင်း ဖြစ်လာတဲ့ #ဂ်ာမနီ 💥👈🏻 ဂ်ာမနီဟာ မနေ့က မြောက်မက်ဆီဒိုးနီးယားကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့နောက် ၂၀၂၂ ကတာကမ္ဘာ့ဖလားအတွက် ဝင်ခွင့်ရသွားတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ဟန်ဆီဖလစ်ရဲ့ အသင်းဟာ သက်တောင့်သက်သာအဲ့ ခြေစစ်ပွဲအုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးနောက် နောက်နှစ် ပြိုင်ပွဲကြီးအတွက် အရှေ့အလယ်ပိုင်းဒေသမှာ သူတို့ရဲ့နေရာတစ်နေရာကို ရယူခဲ့တာ ဖြစ်ပါတယ်။သူတို့ဟာ စိတ်ပျက်ဖွယ် ယူရို ၂၀၂၀ အပြီး လွန်ခဲ့တဲ့ ၈ နှစ်က ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလား အောင်မြင်မှုကို တဖန်ပြန်ရယူဖို့ မျှော်လင့်နေသလို အခုကနေစပြီး တစ်နှစ်ကျော်အတွင်း သူတို့ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေက ဘယ်သူတွေ ဖြစ်လာမလဲဆိုတာ အေးဆေးထိုင်စောင့်ကြည့်နိုင်နေပါပြီ။အုပ်စု J အတွင်း ဟန်ဆီဖလစ်နဲ့ ဂျာမန်အသင်းဟာ ကမ္ဘာ့ဖလားဝင်ခွင့် သေချာစေဖို့ အိမ်ရှင် မြောက်မက်ဆီဒိုးနီးယားကို အနိုင်ယူပြီး တဖက္က အာမေးနီးယားအနေနဲ့ ရိုမေးနီးယာားနဲ့ပွဲမှာ အမှတ်တွေလျော့ဖို့ မျှော်လင့်ခဲ့ရတာပါ။မျှော်လင့်တဲ့အတိုင်းပဲ ဂ်ာမနီဟာ ခ်ယ်ဆီးက ကိုင်ဟားဗတ်၊ တီမိုဗာနာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မူစီယာလာရဲ့ နောက်ဆုံးဂိုးအပါအဝင် ၄ ဂိုးပြတ်နဲ့အ နိုင်ရခဲ့ပြီး တဖက္က အာမေးနီးယားဟာ ရိုမေးနီးယားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဂ်ာမနီဟာ ကမ္ဘာ့ဖလား ဝင်ခွင့်ရတဲ့ ပထမဆုံးအသင်း ဖြစ်သွားခဲ့ပါတယ်။ဥရောပနိုင်ငံတွေမဟုတ်ပဲ နောက်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲကို တရားဝင် ဝင်ခွင့်ရထားပြီးဖြစ်တဲ့ တစ်သင်းတည်းသော အသင်းကတော့ အိမ်ရှင် ကာတာပဲ ဖြစ်ပါတယ်။ဒီတစ်ပတ် ကလပ်ပွဲတွေ ပြန်မစခင် ဝင်ခွင့်နေရာ ယူနိုင်တဲ့ အသင်းတွေ ထပ်မရှိရင်တောင် အိမ်ရှင်အသင်းတွေဟာ နိုဝင်ဘာလကုန်မှာ သူတို့ရဲ့ ဝင်ခွင့်ကို တရားဝင် အတည်ပြုပေးတော့မှာ ဖြစ်ပါတယ်။ #germany #Creditလေးစားစွာဖြင့်

Share: