👉🏻💥 #လက်စတာနဲ့ ပွဲမတိုင်ခင် #ဗာရာနီရဲ့ ဒဏ်ရာ အခြေအနေကို #ယူနိုက်တက် ထုတ်ဖော်ပြောကြား 💥👈🏻 ပြင်သစ်အသင်းအတွက် နိုင်ငံတကာပွဲကစားပေးရင်း ပေါင်ခြံဒဏ်ရာ ရရှိခဲ့တဲ့ ဗာရာနီဟာ ရက်သတ္တပတ်အနည်းငယ်လောက်နားရမယ်လို့ ယူနိုက်တက်က အတည်ပြုလိုက်ပါတယ်။ဗာရာနီဟာ စပိန်အသင်းနဲ့ နေးရှင်းလိဂ်ဖိုင်နယ်ရဲ့ပွဲကစားချိန် ၄၃ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ကာ ပြင်သစ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဗာရာနီဟာ နွရောသီအပြောင်းအရွှေ့တုန်းက ရီးရဲလ်အသင်းထံကနေ ယူနိုက်တက်ကို ပြောင်းလာခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတစ်ချို့ပြသထားနိုင်ခဲ့ပါတယ်။ဗာရာနီက နေးရှင်းလိဂ်ဖိုင်နယ်မှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာပါ။ အသင်းမှာ ပြန်လည်ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။ ရက်သတ္တပတ်အနည်းလောက်တော့ နားရဦးမှာပါလို့ ယူနိုက်တက်အသင်းက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ဗာရာနီဟာ သြဂုတ်လတုန်းက လိဒ်ယူနိုက်တက် ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ကစားခွင့်ရခဲ့ကာ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းလိုလိုပါဝင်ကစားခွင့်ရနေပါတယ်။ ဗာရာနီရဲ့ဒဏ်ရာအခြေအနေကြောင့် ဆိုးလ်ရှားအတွက် လက်စတာနဲ့ပွဲမှာ ခေါင်းစားဖွယ်ရှိနေပါတယ်။သတင်းတွေအရ ယူနိုက်တက်ဟာ လက်စတာနဲ့ပွဲမှာ လင်ဒီလော့ဖ် နဲ့ ဘိုင်လီ ဒါမှမဟုတ် ဖီးလျဂြုံးဈတို့ တစ်ဦးဦးကို ပွဲထုတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ #varane #manutd #Creditလေးစားစွာဖြင့်

Share: