👉🏻💥 #ပေါ်တူဂီအတွက် ဟက်ထရစ်သွင်းဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ #ဒိုလေး 💥👈🏻 မန်ယူတိုက်စစ်မှူး စီရိုနယ်ဒိုအနေနဲ့တော့ ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ လူစင်ဘော့အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိခဲ့တ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ဟက်ထရစ် သွင်းဂိုး သွင်းယူပေးခဲ့ပြီး မအိုသေးကြောင်း ထပ်မံပြသသွားခဲ့ပါတယ်။ဒီဟက်ထရစ်ဟာ စီရိုနယ်ဒိုအတွက်တော့ ကစားသမားဘ၀ ၅၈ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပြီး ပေါ်တူဂီ ကစားသမားဘ၀ ၁၀ ကြိမ်မြောက် ဟက်ထရစ် သွင်းယူနိုင်ခဲ့မှုလည်း ဖြစ်လာခဲ့တာပါ။အသက် ၃၆ နှစ်အရွယ် ကစားသမားအနေနဲ့ ပထမပိုင်း ၈ မိနစ် နဲ့ ၁၃ မိနစ်မှာ ရရွိခဲ့တဲ့ ပင်နယ်တီ ၂ လုံးလုံးကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး ပွဲပြီးခါနီး ၈၇ မိနစ်မှာ ဟက်ထရစ်သွင်းဂိုးကို ပေါ်တူဂီအသင်းအတွက် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲအပြီးမှာတော့ စီရိုနယ္ဒိုက သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ "နောက်ထပ် နိုင်ပွဲတစ်ပွဲ ရခဲ့သလို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေဆီကို နောက်ထပ် ခြေတစ်လှမ်းလှမ်းနိင်ခဲ့တာပါ၊ ကျွန်တော်တို့ရဲ့ အရောင်အသွေးတွေကို ကာကွယ်နိုင်ခဲ့တဲ့ ဂုဏ်ယူစရာညတစ်ညပါပဲ၊ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားတဲ့အခါ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် ကစားရတာ လွယ်ကူလာပြီး ပွဲစချိန်ကစလို့ ပွဲပြီးတဲ့ အချိန်အထိ ပရိသတ်တွေအားက ကျွန်တော်တို့အတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်၊ ကျွန်တော် နောက်ထပ် သွင်းဂိုးတွေကို အ်မဲ ရှာဖွေနေဦးမယ်ဆိုတာ ကတိပေးပါတယ်ဗျာ" လို့ ရေးသားပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ #ronaldo #Creditလေးစားစွာဖြင့်

Share: