👉🏻💥 #ရိုးမားကို ကပ်ပြီး အနိုင်ယူကာ စီးရီးအေမှာ အခြေအနေ ပြန်ကောင်းလာတဲ့ #ဂျူဗင်တပ်စ် 💥👈🏻 ဂျူဗင်တပ်စ်ဟာ ယမန်နေ့ညက မော်ရင်ဟိုရဲ့ ရိုးမားကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ကာ စီးရီးအေမှာ အခြေအနေပြန်ကောင်းလာခဲ့ပါတယ်။ ရိုးမားအသင်းဟာ ယနေ့ပွဲမှာ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ဂျူဗီခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပေမဲ့ ဂိုးသမား ဆက်ဇနီကိုတော့ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ဂျူဗင်တပ်စ်အတွက် ၁လုံးတည်းသော အနိုင်ဂိုးကိုတော့ ဘန်တန်ကာရဲ့ ဖြတ်တင်ဘောကနေ မွိုက်စ်ကိန်းက ပိတ်သွင်းသွားခဲ့တာ ဖ်ြစပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ရိုးမားအသင်းဟာ ချေပဂိုးရဖို့ အပြင်းအထန် ကြိုးစားခဲ့ပြီး မစ်ခီတာရန်ကို ဆက်ဇနီ ဧရိယာထဲ ဆွဲချခဲ့တာကြောင့် ပင်နယ်တီကန်ခွင့် ရခဲ့ပါတယ်။ဒါပေမဲ့ ဗာရီတော့ရဲ့ ပင်နယ်တီ ကန်ချက်ကို ပိုလန်သားက ကာကွယ်ခဲ့ကာ ဒါဟာ ရိုးမားအသင်း ပင်နယ်တီ ၁၄ကြိမ် ကန်ပြီးတဲ့နောက် ပထမဆုံး လွဲချော်မှုလည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရိုးမားတို့ ပင်နယ်တီ နောက်တစ်ကြိမ် ကန်ခွင့်ရခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ VARကတော့ ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။၂သင်းစလုံးက အပြန်အလှန် ထိုးဖောက်မှုတွေ ပြုလုပ်ခဲ့ကြပေမဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့ခြင်း မရှိတာကြောင့် ဂျူဗီတို့ နိုင်ပွဲရရှိခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်ဟာ အဆင့်၇နေရာထိ တက်လှမ်းလာခဲ့ပြီး ရိုးမားကတော့ အဆင့်၎နေရာမှာ ရှိနေခဲ့ပါတယ်။ #juventus #Creditလေးစားစွာဖြင့်

Share: