👉🏻💥 #မက်ဆီ-#စီရော်နယ်လ်ဒိုခေတ်လွန် El Clasico မွာ နိုင်ပွဲရယူခဲ့တဲ့ #ရီးယဲလ် 💥👈🏻 ဘာစီလိုနာနဲ့ရီးယဲလ်အသင်းတို့ရဲ့ El Clasico ပြဲက ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မက်ဆီ-စီရော်နယ်လ်ဒိုမရှိတော့တဲ့ပွဲဖြစ်ခဲ့ပြီး မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ရဲ့တစ်ဦးချင်းအားပြိုင်မှုတွေကို မတွေ့ရတော့ပေမယ့် နှစ်သင်းစလုံးရဲ့ ခြေစွမ်းနဲ့နည်းဗျူဟာပိုင်း၊ ကစားသမားတွေရဲ့တစ်ဦးချင်းအရည်အသွေးတွေအရ တကယ်ကြည့်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဗလင်စီယာ၊ ဒိုင်နမိုကိဗ်တို့ကို ဆက်တိုက်အနိုင်ယူပြီးခြေပြန်မှန်လာတဲ့ ဘာစီလိုနာအသင်းဟာ အခုပြဲမွာ သူတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်ရီးယဲလ်အသင်းကို ၂၀၁၈-၁၉ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည်အနိုင်ယူဖို့ကြိုးစားခဲ့ပေမယ့် အခွင့်အရေးအသုံးချနိုင်မှုအပိုင်းမှာ အားနည်းခဲ့တာကြောင့် နူးကမ့်မှာရှုံးပွဲနဲ့ဆက်လက်ရင်ဆိုင်ခဲ့ရတာပါ။ ဒီပြဲမွာ ရော်နယ်လ်ကိုးမန်းနဲ့အန်ဆယ်လော့တီတို့ဟာ ထူးထူးခြားခြားဆိုသလိုပဲ (၄-၁-၂-၃)ကစားကွက်နဲ့ပွဲထွက်ခဲ့ကြပြီး ဘာစီလိုနာအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားခဲ့သလို ရီးယဲလ်အသင်းက တန်ပြန်တိုက်စစ်နဲ့သာ ပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။ဘာစီလိုနာကွင်းလယ်လူဘူးစကွက်စ်နဲ့ ရီးယဲလ်ကွင်းလယ်လူကတ်စ်မဲရိုးတို့ကတော့ Holding Midfielders တွေပီပီ သူတို့အလုပ်ကို အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး အခုနောက်ပိုင်း ရော်နယ်လ်ကိုးမန်းက ညာနောက်ခံလူဆာဂျင်နိုဒက်စ်ကို တိုက်စစ်ညာခြမ်းမှာအသုံးပြုနေတာတွေ့ရပါတယ်။ ပထမပိုင်း(၂၄)မိနစ်မှာ ဆာဂျင်နိုဒက်စ် အပိုင်အခွင့်အရေးရခဲ့ပေမယ့် မိုးပေါ်ထောင်ကန်ခဲ့လို့ ဘာစီလိုနာအသင်းနစ်နာခဲ့ရပါတယ်။ဘာစီလိုနာညာခြမ်းက မင်ဂွယ်ဇာနဲ့ဆာဂျင်နိုဒက်စ်တို့ အတွဲအဖက်သိပ်မမိတာကြောင့် ရီးယဲလ်ဘယ်တောင်ပံတိုက်စစ်မှူးဗင်နီစီယက်စ်က တန်ပြန်တိုက်စစ်တွေကနေ တောက်လျှောက်ခြိမ်းခြောက်ခဲ့ပြီး အဖွင့်ဂိုးရခဲ့တာကလည်း ဘယ်ခြမ်းကနေစတင်ခဲ့တာပါ။(၃၂)မိနစ်မှာ အလာဘာရဲ့ဖျက်ထုတ်မှုကြောင့်ဒီပိုင်းဆီကနေ ပျက်သွားတဲ့ဘောလုံးကနေ တစ်ဆင့် ဗင်နီစီယက်စ်က ညာခြမ်းမှာ Marking လွတ်နေတဲ့ ရိုဒရီဂိုဆီလှမ်းတင်ပေးလိုက်ပြီး ရိုဒရီဂိုထိုးပေးလိုက်တာကို ခံစစ်ကနေတောက်လျှောက်ပြေးတက်လာတဲ့ အလာဘာက ဘယ်ခြေနဲ့အပြင်းကန်သွင်းပြီးတော့ လှလှပပသွင်းယူခဲ့တာဖြစ်ပါတယ်။ အလာဘာဟာ ၂၁ ရာစုအတွင်း ရော်နယ်လ်ဒို(၂၀၀၃)၊ နစ္စတယ်လ်ရွိုင်း(၂၀၀၆)၊ ဗာရန်း(၂၀၁၃)၊ ဟယ်ဆေး(၂၀၁၃)တို့ပြီးရင် ရီးယဲလ်အသင်းအတွက် El Clasico ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပဉ္စမမြောက်ကစားသမားဖြစ်ခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ ဂိုးရဖို့တိုက်စစ်ဆင်ကစားခဲ့ပြီး Off The Ball Movement ၊ တွဲလုံးတွေနဲ့ Set Up Play ကောင်းပေမယ့် Final Third Zone နားရောက်ပြီဆို အခွင့်အရေးဖန်တီးနိုင်မှုအားနည်းခဲ့တဲ့အပြင် မက်ဆီလိုမျိုး Finisher မရွိတာက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ ရီးယဲလ်အသင်းက ဘောလုံးပိုင်ဆိုင်မှုသိပ်မရပေမယ့် Counter ပြန်ပေါက်ရင် တစ်ကြိမ်ဆိုတစ်ကြိမ်ထိရောက်ခဲ့ပြီး ဘန်ဇီမာရဲ့ကန်ချက်ကို ဂိုးသမားတာစတီဂန်ကာကွယ်နိုင်ခဲ့တာရယ်၊ အခွင့်အရေးတချို့လွဲချော်ခဲ့လို့ ဂိုးထပ်မရခဲ့တာပါ။ဒါပေမဲ့ နာကျင်အချိန်ပိုမှာတော့ ရီးယဲလ်အနိုင်သေချာစေမယ့်ဂိုးထပ်ရခဲ့ပြီး Counter ကေန အဆန်စီယိုဆွဲပြေးကန်သွင်းတာကို တာစတီဂန်ကာကွယ်နိုင်ခဲ့ပေမယ့် အသင့်လိုက်လာတဲ့ ဗက်ဇ်ကက်ဇ်က ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းအတွက် ချေပဂိုးကို ပွဲပြီးဖို့နောက်ဆုံးမိနစ်အရောက်မှာ အဂွဲရိုးက သွင်းယူခဲ့တာဖြစ်ပြီး အဂွဲရိုးဟာ အသက်(၃၃)နှစ်၊ (၁၄၄)ရက်နဲ့ ၂၁ ရာစုအတွင်း El Clasico ပြဲမွာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အခုပွဲရှုံးနိမ့်ခဲ့တဲ့အတွက် ဘာစီလိုနာအသင်းဟာ El Clasico နောက်ဆုံး(၅)ပြဲမွာ (၄)ပွဲရှုံး၊ (၁)ပြဲသေရက်ခဲ့သလို နည်းပြရော်နယ်လ်ကိုးမန်းကတော့ ပက်ထရစ်အိုကွန်နယ်လ်(၁၉၃၅-၁၉၄၀)နောက်ပိုင်း El Clasico (၃)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ ဒုတိယမြောက်ဘာစီလိုနာနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။ #barcelona #realmadrid #Creditလေးစားစွာဖြင့်

Share: