👉🏻💥 ရပ်ကွက်အသင်းနဲ့လက်ရွေးစင်အသင်းကန်သလိုကွာခြားခဲ့တဲ့ #မန်ယူ-#လီဗာပူးပွဲ 💥👈🏻 မနေ့ညက ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပွဲစဉ်ဟာဆိုရင်တော့ ရပ်ကွက်အပျော်တမ်းအသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းတို့ ထိပ်တိုက်ရင်ဆိုင်သလို ခြေစွမ်းရော နည်းစနစ်ပိုင်းရော ကွာဟချက်ကြီးမားခဲ့ပြီး မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ဒီပွဲအတွက် သူ့ရဲ့ ဥာဏ်စွမ်းရှိသလောက် လူစာရင်းကို ပြင်ဆင်လာခဲ့ပေမယ့် ကစားသမားတွေကိုယ်တိုင်က နော်ဝေးသားကို အသင်းမှာ ဆက်မရှိစေချင်တော့သလို ကစားခဲ့တဲ့အတွက် ပထမပိုင်းအပြီးမှာပဲ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ကာ ပထမပိုင်းမပြီးခင်မှာပဲ ပရိသတ်တွေ ကွင်းထဲက လှည့်ပြန်ခဲ့ရတဲ့အထိ အိမ်ကွင်းမှာ ရုပ်ပျက်ဆင်းပျက် နိုင်နေခဲ့ပြီး ပွဲအပြီးမှာတော့ အီဂျစ် တိုက်စစ်မှူး ဆာလာရဲ့ ဟက်ထရစ်နဲ့အတူ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို စတုဒီသာကျွေးခဲ့ရတာပါ။လက်ရှိခြေစွမ်းကို ကြည့်ရင် မန်ယူအသင်းအနေနဲ့ လီဗာပူးလ်အသင်းကို ရှုံးနိမ့်ဖို့ ထိုက်တန်ပေမယ့် ဒီလိုအရှက်တကွဲပုံစံမျိုးနဲ့ ရှုံးနိမ့်ဖို့တော့ မဟုတ်ဘဲ ဒီပွဲမှာ မန်ယူအသင်းရဲ့ ခံစစ်ကစားပုံ၊ နေရာယူ ၊ဘောလုံးတားဆီးမှုတွေဟာ တကယ်ကို အံ့အားသင့်စရာကောင်းလောက်အောင် စုတ်ပြတ်ခဲ့ပြီး လီဗာပူးလ်နည်းပြ ကလော့ပ်အနေနဲ့တော့ ကလေးရုပ်နဲ့ ကောင်ဆိုးလေး ဆိုးလ်ရှားကို နည်းစနစ်ပိုင်းအရ ချောင်မှာကပ်ပြီး အသံမထွက်ရဲလောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ပြောရရင် လီဗာပူးလ်အသင်း ရရှိသွားခဲ့တဲ့ ၅ ဂိုးလုံးမှာ တိုက်စစ်ဆင်လာချိန် မန်ယူအသင်းအနေနဲ့ တားဆီးမှု၊ ပိတ်ဆို့မှု ၊ လူကပ်ထားမှုတွေ ဘာမှမလုပ်နိုင်ခဲ့ဘဲ ဒုတိယဂိုးမှာဆို တွဲကစားတာ ကြာပြီးဖြစ်တဲ့ ခံစစ် ကစားသမား ၂ယောက် ရပ်ကွက်ထဲကန်သလို ဘောလုံးသာ ကြည့်ပြီး ကိုယ့်လူကို မကြည့်ခဲ့မှုကြောင့် ဘာမှမဆိုင်ဘဲ ဂိုးပေးလိုက်ရတာကို မြင်တွေ့ခဲ့ရမှာပါ။ နည်းပြကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာတော့ ဒီပွဲကို သူတို့ ကစားချင်သလို ပုံစံမျိုးနဲ့ သက်တောင့်သက်သာ ကစားခွင့်ရအောင် မန်ယူအသင်းက ကူညီပေးခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်း သွင်းယူခဲ့တဲ့ ဂိုးတိုင်းက ကစားကွက်ကနေ လျင်လျင်မြန်မြန် ချိတ်ဆက်ပြီး ရရှိခဲ့တဲ့ သွင်းဂိုးတွေဖြစ်ခဲ့ကာ အီဂျစ်တိုက်စစ်မှူး ဆာလာရဲ့ အဆုံးသတ်ပိုင်း စွမ်းရည်ကို မန်ယူနောက်တန်းရော ကွင်းလယ်ကပါ ခွေးသေကောင်ပုပ်တွေ လည်ပင်းမှာဆွဲထားတဲ့အတွက် ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ဘဲ ဆိုးလ်ရှားကို နော်ဝေးပြန်ပို့ဖို့ လေယာဉ်လက်မှတ်မှာပေးချင်လို့ ဒီလိုပုံစံအတိုင်း ကစားခဲ့တယ် ထင်မှတ်ချင်စရာပါ။ ဒီပွဲမှာ မန်ယူအသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒိုလည်း ပထမပိုင်းပြီးခါနီးမှာ ဆိုးလ်ရှားကို မကျေနပ်လို့ ကန်ကျောက်ခြင်မှုတွေကို လီဗာပူးလ် ကစားသမား ကာတစ်ဂျုံးစ်နဲ့ အစားထိုးခဲ့ပြီး ကံကောင်းခဲ့တဲ့အတွက်သာ အနီကတ်မပြခံခဲ့ရတာပါ။ဆိုးလ်ရှားအနေနဲ့ ချေပဂိုးတစ်ဂိုးတစ်လေလေးများ ပြန်ရမလားလို့ ပေါ့ဘာကို ဒုတိယပိုင်းမှာ ထည့်သွင်းခဲ့ပေမယ့် သကောင့်သားက ဂိုးမသွင်းဘဲ ပြိုင်ဘက်ကစားသမားကို ခြေစုံပစ်ဝင်တဲ့ ဖျက်ထုတ်မှုပြုလုပ်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရကာ လီဗာပူးလ်အသင်းအနေနဲ့ လေးစားမှုရှိရှိနဲ့ မန်ယူအသင်းကို ဂိုးတွေ ထပ်မသွင်းခဲ့တာကြောင့် ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ပဲ ပွဲပြီးခဲ့တာပါ။မန်ယူအသင်းကို ရောက်ရင် ဒီလို စိတ်သောကတွေ ခံစားရမယ်ဆိုတာကို သိသိရက်နဲ့ ပရိသတ်တွေ ပျော်ရွှင်ဖို့အတွက် မန်ချက်စတာကို ရောက်ရှိလာတဲ့ ငဒို လို ကစားသမားအတွက်တော့ ဒီရှုံးပွဲက တော်တော်လေး ရုပ်ပျက်ဆင်းပျက်နိုင်ခဲ့ပါတယ်။ #manutd #liverpool #Creditလေးစားစွာဖြင့်

Share: