👉🏻💥 #ဆိုးလ်ရှားနေရာ အစားထိုးဖို့ အသင့်ဖြစ်နေပြီဆိုပြီး #ယူနိုက်တက်ကို ပြောခဲ့တဲ့ #ကွန်တီ 💥👈🏻 အီတလီမီဒီယာမှ သတင်းအများစုရဲ့ ဖော်ပြချက်အရ အန်တိုနီယို ကွန်တီဟာ ယူနိုက်တက်နည်းပြ ရာထူးကို ဆက်ခံဖို့ အဆင်ပြေကြောင်း အချက်ပြခဲ့တယ်လို့ ဆိုပေမဲ့ ဆိုးလ်ရှားရဲ့ အနာဂတ်ကတော့ ယခုချိန်ထိ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ယူနိုက်တက်နဲ့ ကွန်တီကြား အဆက်အသွယ် မရှိသေးပဲ အီတလီ မီဒီယာတွေကတော့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီလို့ ဖော်ပြနေကြပါတယ်။ယခုက ကနဦး အခြေအနေတွေပဲ ရှိသေးပေမဲ့ Dimarzioကတော့ ကွန်တီဟာ ရာသီဝက်မှာ ယူနိုက်တက်ကို ကိုင်တွယ်လိုခြင်းရှိတယ်လို့ ဆိုထားပါတယ်။ပုံမှန်အာဖြင့် ကွန်တီဟာ ယခုလို အခြေအနေမျိုးမှာ နည်းပြရာထူး လက်ခံလေ့ မရှိပေမဲ့ ယခုအချိန်မှာတော့ ယူနိုက်တက်ရဲ့ ရလဒ်တွေကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။လီဗာပူးကို ၅ဂိုးပြတ် ရှုံးခဲ့တယ်ဆိုပေမဲ့ ယူနိုက်တက် ပိုင်ရှင် ဂလေဇာမိသားစုကတော့ ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်မှာ ရွှေရောင်နေ့ရက်တွေ ပိုင်ဆိုင်ခဲ့သူတစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ နည်းပြရာထူးက ဆက်လက်တည်မြဲနေတာလည်း ဖြစ်ပါတယ်။အီတလီမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ယူနိုက်တက်ဟာ ကွန်တီကို ၁နှစ်လုပ်ခ ယူရို ၁၂သန်း ၃နှစ်စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ #antonioconte #solskjaer #Creditလေးစားစွာဖြင့်

Share: