👉🏻💥 #လီဗာပူး အသင်း လေ့ကျင့်ရေးမှာ ပြန်လည်ပါဝင်လာတဲ့ ကွင်းလယ်လူ #သီယာဂိုနှင့် #ကေတာ 💥👈🏻 ယခုတစ်ပတ် ဘရိုက်တန်နဲ့မကစားမီ လီဗာပူးအသင်းအတွက် အားတက်စရာတစ်ခုက ကွင်းလယ်လူ နာဘီကေတာနှင့် သီယာဂိုတို့လေ့ကျင်ရေးအပြည့်အ၀ ပြန်ဆင်းနိုင်ခဲ့ပါတယ်။ ကွင်းလယ်လူနှစ်ဦးဟာ အန်ဖီးလ်မှာ ဘရိုက်တန်အသင်းကို ဧည်မခံမီ နည်းပြဂျာဂင်ကလော့ပ်ရဲ့ အသင်းသားတွေနဲ့အတူ ကြာသပတေးနေ့ တွင် လေ့ကျင်ရေး ပြန်ဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ခရစ္စတယ်ပဲလေ့စ်ကို ၃ဂိုးပြတ် အနိုင်ရခဲ့တဲ့ ဒုတိယပိုင်းမှာ ခြေသလုံးဒဏ်ရာရခဲ့တဲ့ သီယာဂိုဟာ စက်တင်ဘာလလယ် နောက်ပိုင်း အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ တဖက်မှာ ကေတာက ပြီးခဲ့တဲ့အပတ်က ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ၅ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ ပေါ့ဂ်ဘာရဲ့ ဖြတ်ထုတ်မှုကြောင့် ဒဏ်ရာရခဲ့သူ ဖြစ်ပါတယ်။ဘယ်လိုဘဲဖြစ်ဖြစ် သူဟာ ပြင်းထန်တဲ့ ဒဏ်ရာမရခဲ့ဘဲ လီဗာပူးအသင်းလက်ထောက်နည်းပြ ပက်လင်ဒါစ်က ကေတာဟာ ဒဏ်ရာကနေပြန်သက်သာဖို့ကြိုးစားနေခဲ့တယ်လို့ဆိုထားပါတယ်။ ကာရာဘောင်ကွာတားဖိုင်နယ်သို့ တက်ခဲ့ရာမှာ ချန်ပီယံရှစ်ကလပ် ပရက်စတန်အား ၂ဂိုးပြတ် အနိုင်ကစားရာတွင် လီဗာပူးအသင်း လူစာရင်းမှာ ကေတာတစ်ယောက် မပါဝင်နိုင်ခဲ့ပါဘူး။တစ်လကျော်ကြာ ပွဲကစားတာနဲ့ဝေးကွာနေတဲ့ ကွင်းလယ်လူ သီယာဂိုအတွက်က ဘရိုက်တန်ပွဲဟာ စောလွန်းနေသော်လည်း လာမယ့်အပတ်ဗုဒ္စဟူးမှာ အက်သလက်တီကိုနဲ့တွေ့မယ့် ချန်ပီယံလိဂ်ပွဲတွင် ပြန်လည်ပါဝင်လာနိုင်ပါတယ်။ Kirkby လေ့ကျင့်ရေးကွင်းတွင် မပါဝင်ခဲ့တဲ့ သူတစ်ယောက်ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲကို အသေးစားဒူးဒဏ်ရာကြောင့် လွဲခဲ့တဲ့ ကွင်းလယ်လူ ဖာဘင်ဟိုဘဲ ဖြစ်ပါတယ်။တံကောက်ကြောဒဏ်ရာ ရနေတဲ့ ဂျိမ်းစ်မီနာလည်း မပါဝင်ခဲ့ဘဲ လူငယ်ကွင်းလယ်ကစားသမား အီလီယော့ဟာလည်း စက်တင်ဘာလက လိဒ်စ်နဲ့ပွဲမှာ ပြင်းထန်တဲ့ ခြေကျင်းဝတ်ဒဏ်ရာ ရခဲ့လို့ခွဲစိတ်ကုသထားရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်နေပါတယ်။ #thiagoalcantara #nabykeïta #Creditလေးစားစွာဖြင့်

Share: