👉🏻💥 #အမ္ဘတ္ပီ နဲ့ #ဟာလန်း တို့ကို မဝယ်ဖို့အတွက် အသင်းပိုင်ရှင်းသစ်ကို သတိပေးလိုက်တဲ့ #နယူးကာဆယ်ကစားသမားဟောင်း 💥👈🏻 နယူးကာဆယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ လက်စ် ဖာဒီနန္က ကမ္ဘာ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အမ်ဘတ်ပီနဲ့ ဟာလန်းတို့ကို မဝယ်ဖို့အတွက် အသင်းပိုင်ရှင်သစ်တွေကို သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ The Sun သတင်းစာကဖော်ပြခဲ့ပါတယ်။ အသင်းပိုင်ရှင်အပြောင်းအလဲ ဖြစ်ပြီးနောက် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ နယူးကာဆယ်အသင်းအနေနဲ့ ဘယ်ကစားသမားတွေကို ဝယ်ယူမယ်ဆိုတာကို အားလုံးက စိတ်ဝင်စားနေကြတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ အသက် ၅၄ နှစ်ရှိနေပြီဖြစ်တဲ့ လက်စ်ဖာဒီနန်က " လက်ရှိအနေအထားက နယူးကာဆယ်အနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့အတွက် အရင်ဆုံး လုပ်ဆောင်ရမှာပါ။ ဇန်နဝါရီအပြောင်းအရွှေ့မှာ အမ္ဘတ္ပီ၊ ဟာလန်းတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေတာထက်စာရင် ဘန်လေနောက်ခံလူ တာကောစကီး ကိုခေါ်ယူတာက အသင်းအတွက် ပိုပြီး သင့်တော်ပါလိမ့်မယ်။ နာမည်ကြီးကစားသမားတွေကို ခေါ်ယူဖို့ထက် အသင်းမှာ အံဝင်အောင် ကစားနိုင်မယ့် ကစားသမားမျိုးကိုပဲ ဦးစားပေးခေါ်ယူရမှာပါ " လို့ပြောခဲ့ပါတယ်။ #mbappe #haaland #newcastle #Creditလေးစားစွာဖြင့်

Share: