👉🏻💥 ပွဲမထွက်ရလို့ #ဆိုးရွားကို စိတ်ဆိုးခဲ့တဲ့ #ရက်ရှ်ဖို့ဒ် 💥👈🏻 မားကပ်ရက်ရှ်ဖို့ဒ်ဟာ စနေနေ့က စပါးနဲ့ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ချန်လှပ်ထားခံခဲ့ရတဲ့နောက် အိုလီဂန္နာဆိုးရွားကို ဒေါသဖြစ်နေခဲ့တယ်လို့ အိုဝင်ဟားဂရေ့ဗ်က ယုံကြည်နေပါတယ်။အင်္ဂလန်သားဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူစားလဲပြီး မိနစ် ၂၀ ကျော်လောက် ကစားခွင့်ရခဲ့ကာ အသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့နောက် အသင်းကို အလုံးစုံ အပြောင်းအလဲလုပ်ဖို့ တိုက်တွန်းမှုတွေကို တင်းခံခဲ့ပြီး ပွဲထွက်ခွင့်ရ ၁၁ ယောက်ထဲက ၉ ယောက်ကို ပြန်သုံးခဲ့တာပါ။ကာဗာနီနဲ့ ဗာရန်းတို့နှစ်ယောက်သာ အသစ် ပါလာပြီး ကာဗာနီက ရော်နယ်ဒိုနဲ့အတူ ၃-၅-၂ ကစားပုံရဲ့ တိုက်စစ်မှာ တွဲဖက်ပါဝင်ခဲ့ပါတယ်။ဒါပေမယ့် ရက်ရှ်ဖို့ဒ်က ပွဲထွက်ခွင့်ရဖို့ မျှော်လင့်ခဲ့မှာဖြစ်ပြီး အရန္ခုံ ထိုင်ခဲ့ရတဲ့အတွက် မပျော်မရွှင် ဖြစ်နေခဲ့တယ်လို့ ဟားဂေရ့ဗ္က ပြောဆိုခဲ့ပါတယ်။သူ့ရဲ့ အောင်ပွဲခံမှုမှာ ဒါကို မြင်နိုင်တယ်လို့ထင်ပါတယ်။ သူက ဒေါသထွက်နေခဲ့တာပါ။ ဒါပေမယ့် တိုက်စစ်ဂန္တဝင်နှစ်ယောက်က မင်းကိုကျော်ပြီး ပြဲထြက္ကစားတဲ့အခါ ဒါကိုရှင်းပြဖို့ ခက်ခဲတယ်။ ဆိုးရွားက ရော်နယ်ဒိုကို ဘယ်တော့မှ ခ်န္ထားမွာမဟုတ္ဘူး။ သူနဲ့ တွဲကစားမယ့် တစ်ယောက်ယောက်ကို လိုအပ်တယ်။ ကာဗာနီက မနှစ်က အံ့ဩစရာကောင်းခဲ့တာကြောင့် သူ့အနေနဲ့ ပွဲထွက်ခွင့်ရဖို့ ထိုက်တန်ခဲ့ပါတယ်လူငယ်တွေရဲ့ တက်ကြွမှုထက် ဝါရင့် အတွေ့အကြုံတွေကို ပိုအားကိုးတာက အခက်အခဲတွေနဲ့ ရုန်းကန်ရတဲ့နောက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ ကြိုးစားနေတဲ့ ယူနိုက်တက်အတွက် ရေတိုမှာ ပိုပြီး အဆင်ပြေနိုင်ပါတယ်။ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ကို အရန္ခုံမွာ ထားတာက သူတို့ကို နာကျင်စေမှာပါ။ ဒါပေမယ့် အသင်း ဟန်ချက်ညီဖို့အတွက် အခုချိန်မှာ ဒါမျိုး လုပ္တာ ဖြစ်နိုင်ပါတယ်။ သူတို့တွေ ဒီနေ့မှာ ကောင်းကောင်းကစားခဲ့ကြတယ်။ ရက်ရှ်ဖို့ဒ်ကလဲ လူစားဝင်ကစားပြီး ဂိုးတွေသွင်းယူပေးနိုင်မှာပါလို့ ဟားဂေရ့ဗ္က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။ #rashford #solskjaer #Creditလေးစားစွာဖြင့်

Share: