👉🏻💥 ၃ ပွဲဆက် ဂိုးသွင်းနိုင်ပြီးနောက် #အင်္ဂလန် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်မခံရတဲ့ အပေါ် တုန့်ပြန်ပြောကြားလိုက်တဲ့ #စမစ်ရို 💥👈🏻 အင်္ဂလန် လူငယ် ကြယ်ပွင့် စမစ်ရို ဟာ မနေ့ညက ဝက်ဖိုဒ့် နဲ့ ပြဲမွာ အာဆင်နယ် အတွက် သွင်းဂိုး တစ္ဂိုး ထပ္မံ သွင်းယူ နိုင်ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး လေးဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။စမစ်ရို ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုး ( ပြိုင်ပွဲစုံမှာဆို ၅ ဂိုး) ၊ ဂိုးဖန္တီးမွု ၂ ကြိမ် အထိ ရှိလာခဲ့ပါပြီ ။ ဒါ့အပြင် စမစ်ရို ဟာ အနယ္ကာ ၊ ရေယက်စ် ၊ ဖာဘရီဂက်စ် တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိင်တဲ့ အသက် ၂၁ နှစ်အောက် အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ် ။စမစ်ရို ဟာ စက်တင်ဘာလ အစကတည်းက ပရီးမီးယားလိဂ် မွာ သွင်းဂိုး တိုက်ရိုက် ပါဝင် ပတ်သက်မှု ၆ ကြိမ် အထိ ရှိခဲ့ပြီး တျခား အင်္ဂလန် ကစားသမားတွေ အားလုံးထက် သာလွန် နေပါတယ် ။ ဒါပေမယ့် စမစ်ရို ဟာ အယ်ဘေးနီးယား ၊ ဆန္မာရီနို တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အင်္ဂလန် အသင်း လူစာရင်းမှာ အရွေး မခံခဲ့ရပါဘူး ။ဝက်ဖိုဒ့် နဲ့ ပွဲအပြီး အင်တာဗျူးမှာ စမစ်ရို က အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် မခံခဲ့ရတဲ့ အပေါ် ကျွန်တော် ကေတာ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အပြင်းအထန် ကြိုးစား အားထုတ္ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ် ။ နိုင်ငံအသင်းအတွက်ဆို ဘယ်သူပဲ ခေါ်ခေါ် ကျွန်တော်ကတော့ ဝမ်းပန်းတသာ သွားရောက် ပူးပေါင်းမှာပါ ။ ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် ခက်ခဲ ခဲ့ပါတယ် ၊ ဝက်ဖိုဒ့် က အင်အား တောင့်တင်းတဲ့ အသင်းတစ်သင်းပါ ၊ အနိုင် ၃ မှတ် ရတဲ့ အတွက် ဝမ်းသာပါတယ် ။ ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက်လည်း ပျော်ရွှင်ရပါတယ် ၊ ဒီလို ဂိုးသွင်းနိုင်ဖို့လည်း လေ့ကျင့်ရေးကွင်းမှာ အျမဲ လေ့ကျင့် ခဲ့ပါတယ် ။ အိမ်ကွင်း ပရိသတ်ရှေ့မှာ ဂိုးသွင်းနိုင်ပြီး အနိုင် ၃ မှတ် ရခဲ့တာက တကယ့်ကို စပါယ်ရှယ်ပါပဲ ၊ ကျွန်တော်တို့ တစ်သင်းလုံး ၃ မှတ်ရဖို့ ရေကန်ရေခမ်း ကြိုးစား ကစား ခဲ့ကြပါတယ် ၊ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြသလို တစ်ယောက် နဲ့ တစ်ယောက်လည်း ယုံကြည်မှု ရှိကြပါတယ် ၊ မိသားစုတွေလိုပါပဲဗျာ ။ လို့ ပြောကြား သွားခဲ့ပါတယ် ။ဝက်ဖိုဒ့် နဲ့ ပြဲက စမစ်ရို ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကတော့ ၈၆ မိနစ် ကစား ၊ သွင်းဂိုး ၁ ဂိုး ၊ ဘောလုံးထိချက် ၄၃ ကြိမ် ၊ ဘောလုံး ပေးပို့မှု ၂၃ ကြိမ်(တိက်မွု ၉၅.၈%) ၊ အဝေးဘော ပေးပို့မှု ၁ ကြိမ် ( တိက်မွု ၁၀၀%) ၊ အမြင့်ဘော အသာရမွု ၁ ကြိမ် ( ၁၀၀%) ၊ ဘောလုံး ရှင်းထုတ်မှု ၁ ကြိမ် နဲ့ ဘောလုံးဖျက်ထုတ်မှု ၁ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။ #smithrowe #arsenal #Creditလေးစားစွာဖြင့်

Share: