👉🏻💥 MBE ဆုကို မင်းသားဝီလျံဆီက လက်ခံရရှိခဲ့တဲ့ #ရက်ရှ်ဖို့ 💥👈🏻 ဗြိတိန်နိုင်ငံအတွင်း နိုင်ငံသူနိုင်ငံသားတွေအတွက် အများအကြိုး သယ်ပိုးဆောင်ရွက်တဲ့ ပရဟိတ လုပ်သူကို လေးစားဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်ချီးမြှင့်တဲ့ MBE ဆုကိုတော့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ယမန်နေ့ကပဲ မင်းသား ၀ီလျံဆီက လက်ခံရရှိခဲ့ပါတယ်။ရက်ရှိဖို့ဒ်အနေနဲ့ ကိုဗစ်ကာလအတွင်း ကလေးသူငယ်တွေအတွက် အစားအစာ လုံလုံလောက်လောက်ရရှိဖို့ ဗြိတိန် အစိုးရထံအသနားခံခဲ့တာဖြစ်ပြီး ကိုယ်တိုင်လည်း ပရိဟိတအလုပ္ကို အနစ်နာခံပြီး လုပ်ခဲ့တဲ့အတွက် သူ့ရဲ့ အဆိုပြုမှုအောင်မြင်ခဲ့ကာ လူသားအကျိုးဆောင်ခဲ့တဲ့အတွက် ဘွဲ့တံဆိပ်တွေလည်း ရရှိလာခဲ့တာဖြစ်ပါတယ်။လူသားအကျိုးသယ်ပိုးဆောင်ရွက်တဲ့ ပရိဟိတ သမားလေး ရက်ရှ်ဖို့ဒ်ကတော့ မင်းသား ၀ီလျံဆီက ဆုကို လက်ခံရယူပြီးနောက်မှာပဲ "ဒီဆုက ကျွန်တော့်အမေကို ရည်ရွယ်ပါတယ်၊အမေက ကျွန်တော့်ကို အမြဲတမ်းအားပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ကျွန်တော့်အနေနဲ့ ငယ္ဘ၀ကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့ရတာပါ။ကျွန်တော့်မှာ အကိုအမ ၂ ယောက်ရှိပြီး ငယ်ငယ္က အေမ ဘယ်လောက်ခက်ခက်ခဲခဲတစ်ဦးတည်းရုန်းကန်ခဲ့ရမလည်း ပြေးကြည့်စရာမလိုပါဘူး၊အဲတော့ ကျွန်တော် ပရဟိတ နဲ့ပတ်သက်ပြီး ဘာဆုပဲ ရရ အမေ့အိမ်မှာပဲထားပါတယ်၊ အခုလည်း အေမ့ကို လေးစားတဲ့အနေနဲ့ ဒီဆုကို အမေ့အိမ်မှာပဲ ထားမွာပါ" လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။ #rashford #Creditလေးစားစွာဖြင့်

Share: