👉🏻💥 #ဒီဂီယာဆီကနေ ဦးစားပေး ဂိုးသမားနေရာ ပြန်မရရင် #ယူနိုက်တက်ကနေ ထွက်ခွာဖို့ #ဟန်ဒါဆန် အလိုရှိ 💥👈🏻 ယူနိုက်တက်အသင်းဂိုးသမား ဒင်းဟန်ဒါဆန်ဟာ အသင်းဖော်ဂိုးသမား ဒီဂီယာဆီကနေ ပွဲထွက်ခွင့်ပြန်မရရင် ယခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာလိုနေပေမယ့် ဇန်နဝါရီလမှာ ထွက်ခွာခွင့်ရဖို့ မလွယ်တာကို လက်သင့်ခံထားတယ်လို့ သိရပါတယ်။အသက် ၂၄ နှစ်အရွယ်ရှိ ဟန်ဒါဆန်ဟာ တင်ပါးဒဏ်ရာကြောင့် ဇွန်လက ယူရို ၂၀၂၀ ပြိုင်ပွဲဝင် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီးချိန်ကတည်းက အင်္ဂလန်အသင်းလူစာရင်းကနေ ၃ကြိမ်ဆက် ချန်လှပ်ခံထားရပါတယ်။ သူဟာ ဇူလိုင်လက ကိုဗစ်ပိုးကူးစက်ခံခဲ့ရပြီး မျှော်လင့်ထားတာထက် ပြန်ကောင်းလာဖို့ ပိုကြာသွားပြီးနောက် ယူနိုက်တက်အသင်းရဲ့ ရာသီကြိုအစီအစဉ်တွေကိုပါ လွဲချော်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ရာသီက ပွဲထွက်ခွင့်အတွက် ဒီဂီယာနဲ့ ဟန်ဒါဆန်တို့ အားပြိုင်ခဲ့ရပြီးနောက် ယခုရာသီမှာ ဒီဂီယာက ပွဲထွက်ခွင့်ပြန်ရလာခဲ့ပြီး ဗီလာဂိုးသမား တွမ်ဟီတန်ကလည်း အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်ရောက်လာလို့ ဂိုးသမားနေရာအတွက် အားပြိုင်မှုက ပြင်းထန်နေပါတယ်။ဟန်ဒါဆန်က ယူနိုက်တက်မှာ ဆက်ကစားဖို့ ဆန္ဒရှိနေပေမယ့် ယခုရာသီမှာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားတစ်ပွဲတည်းပဲ ပွဲထွက်ခွင့်ရထားလို့ ကစားသမားဘ၀ ချွတ်ချော်သွားမှာကို စိုးရိမ်နေပါတယ်။ ဟန်ဒါဆန်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၄နှစ်ခွဲကျန်နေသေးပြီး ယမန်နှစ်သြဂုတ်လက စာချုပ်သစ်ချုပ်ဆိုခဲ့ရာမှာ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေပါတယ်။နယူးကာဆယ်အသင်းက ဟန်ဒါဆန်ကို ဇန်နဝါရီလမှာ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပေမယ့် ယူနိုက်တက်ဘက်ကတော့ သူ့ကို ရာသီအလယ်မှာ လက်လွှတ်ခံဖို့ ရာခိုင်နှုန်းနည်းနေပါတယ်။ #deanhenderson #degea #Creditလေးစားစွာဖြင့်

Share: