💥 #မက်ဆီ #ဘရာဇီးနဲ့ ပွဲမှာ ပါဝင်ကစားမယ်လို့ #အာဂျင်တီးနား အတည်ပြု 💥 လီယွန်နယ် မက်ဆီဟာ မနက်ဖြန် ကစားမယ့် ဘရာဇီးနဲ့ ပွဲစဉ်မှာ ပါဝင်ကစားသွားမယ်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီက အတည်ပြုခဲ့ပါတယ်။အာဂျင်တိုင်းအသင်းခေါင်းဆောင်ဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ပီအက်စ်ဂျီရဲ့ နောက်ဆုံး ၂ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဥရုဂွေးနဲ့ ပွဲစဉ်မှာတော့ မက်ဆီတစ်ယောက် ပါဝင်ကစားဖို့အတွက် လုံလောက်တဲ့ ကြံ့ခိုင်မှု ရှိခဲ့ပါတယ်။ယမန်နေ့က သတင်းစာရှင်းလင်းပွဲမှာ စကာလိုနီက မက်ဆီ ဘရာဇီးနဲ့ပွဲမှာ ပါဝင်ကစားမယ်လို့ ပြောပြီး ဒဏ်ရာရနေတယ်ဆိုတဲ့ ကောလာဟလတွေကို အဆုံးသတ်ခဲ့ပါတယ်။ မက်ဆီနဲ့အတူ ကွင်းလယ်လူ ပါရီဒက်စ်ဟာလည်း ဒဏ်ရာကနေ ပြန်လာပြီဖြစ်ကြောင်း စကာလိုနီက ဆိုခဲ့ပါတယ်။စကာလိုနီက လီယိုနာဒိုက ပုံမှန်အတိုင်း လေ့ကျင့်နိုင်ပါတယ်။ သူ နောက်ဆုံးအချိန် ပါဝင်နိုင်မလားဆိုတာ စစ်ဆေးရပါမယ်။ သူ ရက်တွေအကြာကြီးမှာမှ ဒီကို ရောက်လာပေမဲ့ သူ ကောင်းကောင်း ပြန်ကစားနိုင်တာက ပိုအရေးပါပါတယ်လို့ ပြောခဲ့ပါတယ်။အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာကြောင့် ဘရာဇီးကိုသာ နိုင်ခဲ့ရင် ပထမနေရာက အသင်းနဲ့ ၃မှတ်သာ ကွာဟတော့မှာ ဖြစ်ပါတယ်။ ဘရာဇီးကတော့ ကိုလံဘီယာကို ၁-၀ဂိုးနဲ့ နိုင်ခဲ့ပြီးနောက် ခြေစစ်ပွဲအောင်မြင်သွားခဲ့ပြီ ဖြစ်ပါတယ်။ #messi #Creditလေးစားစွာဖြင့်

Share: