💥 ရက်ပစ်ဝီယန် နှင့် ဝက်စ်ဟမ်း(ည ၁၂း၁၅)ပွဲကြိုသုံးသပ်ချက် 💥 ................................................... ၃ မှတ်နဲ့ ဇယားအောက်ခြေရောက်နေပေမယ့် ရက်ပစ်ဝီယန်ဟာ မျှော်လင့်ချက်တော့ ရှိပါသေးတယ်။အုပ်စုအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဝက်စ်ဟမ်းကတော့ နိုင်ရင် အုပ်စုဗိုလ်သေချာမှာဖြစ်ပြီး သရေဆိုလည်း နောက်တစ်ဆင့်တက်မှာပါ။နည်းပြမိုယက်စ်ရဲ့အသင်းဟာ ဒီရာသီမွာ အိမ်ကွင်းထက် အဝေးကွင်းပိုခြေတွေ့နေပါတယ်။ဈေးလည်းပြင်းတဲ့ ဧည့်သည်ဘက်က ရှိမယ်။ 💥 လက္စတာ နှင့် လီဂီယာဝါဆော(ည ၂း၃၀)ပွဲကြိုသုံးသပ်ချက် 💥 .................................................... နောက်ဆုံး ၄ ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ လက္စတာဟာ ယူရိုပါလိဂ်မှာလည်း အုပ်စုတတိယနေရာရောက်နေတာပါ။လီဂီယာဝါဆောကတော့ အဲဒီအုပ္စုမွာ လက်စတာထက် တစ်မှတ်အသာ ဒုတိယနေရာရပ်တည်နေတာပါ။ဒါပေမဲ့ လီဂီယာဝါဆောဟာ ပြိုင်ပွဲအရပ်ရပ်နောက်ဆုံးအဝေးကွင်း ၅ ပြဲမွာ ၄ ပွဲရှုံးထားကာ အဲဒီ ၄ ပြဲမွာ အနိမ့်ဆုံး ၃ ဂိုးနှုန်းလည်း ပေးခဲ့ရပါတယ်။ချဲလ်ဆီးအရှုံးကနေ ရုန်းထမယ့် လက်စတာရဲ့ဂိုးပြတ်နိုင်ပွဲကို မြင်ရမယ်။

Share: