💥 Man of the Match ခြေစွမ်းမျိုးပြသခဲ့တဲ့ #သီယာဂိုကို ချီးကျူးခဲ့တဲ့ #ကလော့ပ် 💥 လီဗာပူးနည်းပြကြီး ဂျာဂန်ကလော့ပ်ဟာ ပေါ်တိုနဲ့ပွဲမှာ မှော်ဆန်တဲ့ ခြေစွမ်းကောင်းတွေ ပြသသွားတဲ့ ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ချီးကျူးစကားပြောခဲ့ပါတယ်။ လီဗာပူးဟာ လာမယ့်ဒီဇင်ဘာ ပွဲကျပ်ကာလတွေအတွက် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ဗုဒ္ဓဟူးညပွဲမှာ ကစားသမား အပြောင်းအလဲများစွာ ပြုလုပ်ခဲ့ရတာကြောင့် စပိန်သားရဲ့ ဂိုးစည်းအပြင်က အမိုက်စား အဝေးကန်ချက်နဲ့ ဂိုးမတိုင်မီထိ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကလော့ပ်က ထရိန်နင်မှာ သီယာဂိုကို မြင်တဲ့သူတိုင်း ဒီလိုဂိုးမျိုး သွင်းနိုင်တဲ့ နည်းစနစ်တွေ သူ့မှာရှိတယ်ဆိုတာ သိသွားပါလိမ့်မယ်။ ဒါပေမယ့် နည်းစနစ်ပိုင်း ဘယ်လောက်ကောင်းကောင်း တစ်ချို့ပွဲတွေကျရင် အမြဲတမ်း ထုတ်မပြနိုင်ပါဘူး။ ဒီပွဲမှာတော့ သူ့ရဲ့ဂိုးက မိုးကြိုးပစ်လိုက်သလိုပါပဲ။ အရမ်းကောင်းတဲ့ ချိန်သားကိုက် သွင်းဂိုးတစ်ဂိုးလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေကျ ဒီလိုပွဲမျိုးမှာ ကံကောင်းဖို့လည်း လိုတယ်။ တန်ပြန်တိုက်စစ်တွေကနေ ပြိုင်ဘက်ခံစစ်ကိုတောင် လှည့်စားနိုင်နေရင်တောင်မှ ဂိုးမရတာမျိုးလည်း ဖြစ်တတ်တယ်။ ကျွန်တော်တို့ နှစ်ဂိုးသွင်းခဲ့ပြီး ဒုတိယပိုင်းမှာလည်း ပွဲကိုပိုပြီး ထိန်းချုပ်နိုင်ခဲ့တယ် လို့ ပြောခဲ့ပါတယ်။ လီဗာပူးရဲ့အဖွင့်ဂိုးမသွင်းမီ ပေါ်တိုဟာ အခွင့်အရေးကောင်း တစ်ချို့ကို ဖြုန်းတီးခဲ့ပြီး ဒုတိယမြောက်ဂိုးကိုပါ မိုဆာလက်က သွင်းယူသွားခဲ့တာကြောင့် အိမ်ရှင်လီဗာပူးအသင်း ၂-၀ နဲ့ အနိုင်ရကာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉ နှစ်သား တိုင်လာမော်တန်ရဲ့ ဥရောပပွဲဦးထွက်မှုအပါအဝင် သူ့ရဲ့လူစာရင်းပြောင်းလဲမှုအပေါ်မှာတော့ ကလော့ပ်က သိပ်ပြီး ချီးကျူးတာမျိုးမလုပ်ခဲ့ပါဘူး။ ကလော့ပ်က ဒီညပွဲမှာ ကျွန်တော်တို့ ရှုံးတောင်ရှုံးသွားနိုင်တယ်၊ ကျွန်တော်တို့ ပေးမိသမျှ အခွင့်အရေးတွေကို သူတို့အသုံးမချနိုင်လို့သာ ဂိုးမပေးရတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဘာမှမလုပ်လိုက်ရပဲနဲ့ နိုင်သွားလို့ ကံကောင်းတယ်လို့တောင် ပြောလို့ရပါတယ်။ အကောင်းဆုံး မကစားနိုင်ခဲ့တဲ့ အချိန်လေးတွေလည်း ရှိတယ်။ ဒီခြေစွမ်းမျိုးကို မမျှော်လင့်ထားပေမယ့် ဆုံးဖြတ်ချက် မှန်မှန်နဲ့ အပြောင်းအလဲတွေ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ချက်ချင်းဖိအားပေးတိုက်စစ် ကစားပုံကိုပြောင်းနိုင်လိမ့်မယ်လို့ ထင်မထားခဲ့ပေမယ့် သူတို့လုပ်နိုင်တာတွေ့ရတယ်၊ အဲ့ဒါကြောင့် ဒါမျိုးရလဒ်ထွက်တာပါ။ ဒီညကောင်းတဲ့ အချက်တွေလည်း များပေမယ့် ဒီပွဲမှာ လုပ်မိခဲ့တဲ့ အမှားတွေကိုလည်း နောက်ပွဲတွေကျ ထပ်မလုပ်မိဖို့လိုပါတယ်။ အဖြေအားလုံးက ရာသီကုန်မှ ထွက်မှာဆိုပေမယ့် အချိန်ကောင်းလေးတွေ ပိုင်ဆိုင်ဖို့အတွက်ဆိုရင်တော့ အစစအရာရာ အစွမ်းကုန်ကြိုးစားနေဖို့လိုတယ် ဆိုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။ #thiagoalcantara #klopp #Creditလေးစားစွာဖြင့်

Share: