💥 Ballon dOr ဆုသမိုင်းမှာ အမှတ်အများဆုံးရနေဆဲ #စီရော်နယ်ဒို 💥 မက်ဆီဟာ စံချိန်ထပ်တိုးတဲ့အနေနဲ့ သူ့အတွက် ၇ ကြိမ်မြောက် Ballon dOr ဆုကို ဆွတ်ခူးခဲ့ပေမယ့် အဲဒီဆုသမိုင်းတစ်လျှောက် အမှတ်ရရှိမှုမှာတော့ စီရော်နယ်ဒိုရဲ့နောက်မှာ ရှိနေဆဲပါပဲ။ကစားသမားဘ၀ Ballon dOr ဆု ၅ ကြိမ်ရခဲ့တဲ့စီရော်နယ်ဒိုဟာ အဲဒီဆုအတွက် ဆန်ခါတင်စာရင်းဝင်ရာကနေ စုစုပေါင်း ၃၇၈၁ မှတ်ရခဲ့တာဖြစ်ပြီး မက်ဆီကေတာ့ ၇ ကြိမ်ရထားပေမယ့် ၃၅၇၄ မွတ်သာ ရထားတာပါ။Ballon dOr ဆုနဲ့ပတ်သက်လို့ ၂၀၀၈ ကတည်းက သူတို့နှစ်ယောက်တည်းသာ ကြီးစိုးထားပြီး ဆန်ခါတင်စာရင်းအဝင်ဆုံးသူတွေထဲမှာ ကျန်တဲ့သူတွေကို အမှတ်ဖြတ်ထားတာပါ။Ballon dOr ဆုအတွက် ဆန်ခါတင်အဝင်ဆုံးထိပ်ဆုံး ၁၀ ယောက်ထဲမှာ ဂန္ထဝင်တွေဖြစ်တဲ့ ဂျိုဟန်ခရိုက်ဖ်၊ ဇီဒန်းနဲ့ ဒိုကြီးတို့ပါဝင်ပြီး လက်ရှိကစားနေသူတွေထဲကဆိုလို့ မိုဒရစ်နဲ့ဗန်ဒစ်ဂ်ျတို့နှစ်ယောက်သာ ပါပါတယ်။ဒီနှစ်မှာ Ballon dOr ဆုကို မက်ဆီနဲ့ရတာနဲ့ပတ်သက်လို့ အငြင်းပွားမှုတွေတော့ ရှိနေဆဲပါ။အတော်များများက လီဝန်ဒေါစကီးဟာ ပိုပြီးထိုတ်တန်သူလို့ အခိုင်အမာပြောကြပြီး မက်ဆီကလည်း ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကြောင့် မပေးဖြစ်ခဲ့တဲ့အတွက် အဲဒီဘိုင်ယန်တိုက်စစ်မှုးဟာ ဆုနဲ့ထိုက်တန်တယ်လို့ ဝန်ခံခဲ့ပါတယ်။မက်ဆီဟာ ဒီနှစ်ပေးအပ်တဲ့ဆုအတွက် ၆၁၃ မှတ်ရရှိခဲ့ပြီး လီဝန်ဒေါစကီးကတော့ ၅၈၀ မှတ်ရရှိခဲ့တာပါ။တစ်နည်းအားဖြင့် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ဆုလွဲချော်ခဲ့ရတာဖြစ်ပေမယ့် ၂၀၁၉ တုန်းကဆိုရင် ဗန္ဒစ္ဂ်ဟာ ၇ မှတ်တည်းနဲ့ မက်ဆီကို ကပ်ရှုံးခဲ့တာပါ။Ballon dOr ဆုသမိုင်းမှာ ဒီထက်မကကျဉ်းမြောင်းတဲ့ရလဒ်နဲ့ လွဲချော်ခဲ့ရတာတွေလည်း ရှိပါတယ်။၁၉၅၆ တုန်းက ရီးရဲလ်ဂန္ထဝင်ဒီစတီဖာနိုဟာ ၃ မှတ်တည်းနဲ့ ဆုလြဲခဲ့ရသလို နယူးကာဆယ်ဂန္ထဝင်ကီဗင်ကီးဂန်းဟာလည်း ၁၉၇၂ တုန်းက ၃ မှတ်တည်းနဲ့ လြဲခဲ့ရတာပါ။Ballon dOr ဆုပေးပွဲပြီးဆုံးသွားခဲ့ပြီဖြစ်ပေမယ့် ဘယ်သူက ဆုနဲ့ပိုထိုက်တန်သလဲဆိုတဲ့ အငြင်းပွားမှုတွေကတော့ ရှိနေဆဲပါပဲ။ #ronaldo #Creditလေးစားစွာဖြင့်

Share: