💥 Ballon dOr အဆင့် ၇ သာချိတ်ခဲ့တဲ့ #မိုဟာမက်ဆာလက်ရဲ့အဖြစ်ကို #မက်ဆီတုံ့ပြန်လာ 💥 လီယြန္နယ္မက်ဆီက Ballon dOr စာရင်းတွင်အဆင့် ၇ သာချိတ်ခဲ့တဲ့မိုဟာမက်ဆာလက်အနေဖြင့်လာမယ့်နှစ်များတွင် Ballon dOr ဆွတ်ခူးရန်အခွင့်အရေးများရရှိလာမယ်လို့ပြောကြားလာပါတယ်။မိုဟာမက်ဆာလက်ဟာလီဗာပူးနှင့်အတူထိပ်တန်းခြေစွမ်းပြကစားနေပေမယ့် Ballon dOr စာရင်းတွင် အဆင့်၇သာချိတ်ခဲ့ပါတယ်။အီဂျစ်စူပါစတားဟာပြီးခဲ့တဲ့ရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၃၁ဂိုးသွင်းယူခဲ့ပြီးယခုရာသီတွင်လည်းဆက်လက်ခြေစွမ်းပြကစားနေပါတယ်။သူဟာယခုရာသီတွင်၁၇ဂိုးသွင်းယူထားပြီဖြစ်ပါတယ်။ဒါပေမယ့်သူဟာ Balon dOr တွင် အဆင့်၇နေရာတွင်သာရပ်တည်နိုင်ခဲ့ပါတယ်။ယခုနှစ် Ballon dOr ဆုကို လီယွန်နယ်မက်ဆီက၇ကြိမ်မြောက်အဖြစ်ဆွတ်ခူးသွားခဲ့ပါတယ်။မိုဟာမက်ဆာလက်ရဲ့အဖြစ်အပျက်အပေါ်မက်ဆီက ဆာလက်အနေနဲ့လာမယ့်နှစ်တွေမှာအခွင့်အရေးတွေရရှိလာမှာပါ။နှစ်ဦးလုံး(ဆာလက်နဲ့လီဝန်ဒေါ့စကီး)တို့ဟာအခုအချိန်မှာသူတို့ကစားသမားဘဝရဲ့အကောင်းဆုံးအနေအထားကိုရရှိနေပါတယ်။ဒီဆုကိုရရှိဖို့အခွင့်အရေးတွေရလာမှာပါလို့ပြောကြားသွားပါတယ်။မိုဟာမက်ဆာလက်ဟာလာမယ့်ဇန်နဝါရီတွင်ကျင်းပမယ့်အာဖရိကဖလားပြိုင်ပွဲတွင်ဆက်လက်ဂိုးသွင်းကာအောင်မြင်မှုရရှိလာပါက ၂၀၂၂ ခုနှစ် Ballon dOr အတွက်အဓိကယှဉ်ပြိုင်သူဖြစ်ပါတယ်။ဆာလက်ဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံနေရပေမယ့် Ballon dOr စာရင်းတွင် ဂျော်ဂျင်ဟို၊အန်ဂိုလိုကန်တီ၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့အောက်တွင်သာရပ်တည်နိုင်ခဲ့ပါတယ်။လီဗာပူးနည်းပြကလော့ပ်ကလည်း Ballon dOr စာရင်းတွင်မိုဟာမက်ဆာလက်မှာခရစ္စတီယာနိုရော်နယ်ဒိုအောက်တွင်သာရပ်တည်နိုင်ခဲ့မှုအတွက်အလွန်အံ့ဩသင့်ရကြောင်းဆိုထားပါတယ်။ #salah #messi #Creditလေးစားစွာဖြင့်

Share: