💥 #ခရစ္စတီယန်ဆန်ကို #ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ တိုက်တွန်းလိုက်တဲ့ #တူချယ် 💥 သောမက်စ် တူချယ်က အန်ဒရက်စ် ခရစ္စတီယန်ဆန်ကို ချဲလ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး သစ္စာရှိမှုကို ပြသဖို့ စိန်ခေါ်ခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြဟာ ခရစ္စတီယန်ဆန်တစ်ယောက် စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရထားပြီလို့ ထင်ခဲ့ပေမဲ့ ဒိန်းမတ်သားရဲ့ တောင်းဆိုမှု ပြောင်းလဲသွားပြီးနောက် စာချုပ်သက်တမ်းတိုးမှုကို လက်မှတ်မထိုးရသေးပဲ ရှိနေခဲ့ပါတယ်။ ၂၅နှစ်သားဟာ နိုင်ငံတကာပွဲစဉ်တွေအပြီး ချဲလ်ဆီးမှာ ပါဝင်ခွင့်မရသေးပဲ နောက်ဆုံး၃ပွဲဆက် အရန်ခုံ ထိုင်ခဲ့ရပါတယ်။တူချယ်က ခရစ္စတီယန်ဆန် စာချုပ်အခြေအနေက ပွဲမကစားရခြင်းအပေါ် စိုးမိုးနေတယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့အပတ်တွေအတွင်း နားလည်ထားတာက အန်ဒရက်စ်ဟာ ကျွန်တော်၊ အသင်းတို့ လိုချင်တဲ့အတိုင်း တူတူပဲ စိတ်ရှိတယ်လို့ပါ။ ဒါပေမဲ့ အတည်ပြုမှု ရဖို့တော့ အကြာကြီး စောင့်ခဲ့ရပါတယ်သူ ကွင်းထဲ တုံ့ပြန်ရမှာ ဖြစ်သလို ကွင်းပြင်မှာလည်း ဆွေးနွေးရပါမယ်။ သူ ချဲလ်ဆီးကို ချစ်တယ်လို့ ပြောခဲ့ပြီး အသင်းမှာ ဆက်နေချင်ပါတယ်။ သူက အသင်းကြီးမှာ အဓိကနေရာကနေ ပါဝင်ပါတယ်။ သူ့ရဲ့ သစ္စာရှိမှုကို ကျွန်တော်တို့ လိုချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ယနေ့ည ဝက်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လူကာကူ ပြန်လည် ပွဲထွက်လာဖို့ ရှိနေပါတယ်။ တူချယ်က လူကာကူက ကျွန်တော်တို့အတွက် အပြောင်းအလဲ ဖြစ်စေနိုင်မယ်လို့ ယုံကြည်နေဆဲပါ။ တစ်ချိန်တည်းမှာပဲ သူခြေစွမ်းကောင်း ပြန်ရလာဖို့ စိတ်ရှည်ရပါမယ်လို့ ပြောခဲ့ပါတယ်။ #christensen #tuchel #Creditလေးစားစွာဖြင့်

Share: