ဖရတ် 🗣 " ပြီးခဲ့တဲ့ အချိန်တိုအတွင်းတုန်းက ကျွန်တော်တို့အတွက် အခက်ခဲတွေများစွာရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့မှာ ကစားရမယ့်ပွဲတစ်ပွဲအတွက်ကိုပဲ အာရုံအပြည့်စိုက်ရပါမယ်။ အာဆင်နယ်နဲ့ရင်ဆိုင်ကစားရမယ့်ပွဲမှာ အနိုင်ရလဒ် စတင်ရရှိအောင် ကျွန်တော်တို့ကြိုးစားရပါမယ်။ နိုင်ပွဲရလဒ်အတွက် ကျွန်တော်တို့ဘက်က ဘာမဆို ပေးဆပ်ကြိုးပမ်းသွားပါမယ်။ Old Trafford ကွင်းမှာ ပွဲ(3)ပွဲဆက်ကစားရပါမယ်။ သုံးပွဲစလုံးက အရေးပါမှုရှိပြီီး အာဆင်နယ်နဲ့ပွဲဟာ ကျွန်တော်တို့အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်သလို ခရစ္စတယ်ပဲလေ့စ် နဲ့ ကစားမယ့်ပွဲဟာလည်း ကျွန်တော်တို့ အတွက် အခက်အခဲရှိတဲ့ ပွဲလည်းဖြစ်သွားနိုင်ပါတယ်။ ယန်းဘွိုင်းနဲ့ ပွဲစဥ်ကျတော့ ကျွန်တော်တို့ကနောက်တစ်ဆင့်တက်သွားတယ်ဆိုပေမယ့် အနိုင်ကစားရပါမယ်။ ဖြစ်နိုင်ရင် ရမှတ်တွေ အများကြီးကျွန်တော်တို့လိုချင်ပါတယ်။ ပြီးခဲ့တဲ့ နိုင်ငံပွဲစဥ်တုန်းက အားလပ်ရက်ပေးတဲ့အပေါ်လား? ပြောရမယ်ဆို အဲ့တုန်းက ကျွန်တော်တို့ အသင်း အတွက်အခက်တွေ့တဲ့အချိန်ဖြစ်ခဲ့ပါတယ်။ ဒီလာမယ့် ခရစ္စမတ်နေ့လောက်ဆို မိသားစုနဲ့ ကျွန်တော်အချိန်ပေးနိုင်လောပ်တယ်။ ဒါက ဘောလုံးလောကအတွက် အရေးပါတဲ့ အနားယူမှုတစ်ချို့လည်းဖြစ်တယ်။ ကျွန်တော် ကစားနေတာက အသင်းကြီးတစ်သင်းမှာပါ။ အကယ်လို့ ခရစ္စမတ်ကာလမှာ အနားယူခွင့်မရရင် ကျွန်တော်စိတ်ထဲထားမှာမဟုတ်ဘူး။ အသင်းကြီးဆိုတော့ သိတဲ့ အတိုင်းပဲ ပွဲစဥ်တွေကများပါတယ်။ ကျွန်တော်တို့အသင်းရဲ့ပွဲစဥ်တိုင်းက အရေးပါမှုရှိပါတယ်။ အာဆင်နယ် နဲ့ ကစားရမယ့်ပွဲအပေါ်လား? သူတို့လည်း အသင်းကောင်းတစ်သင်းပါပဲ။ သူတို့ဆီမှာ ရာသီအစတုန်းက ဆိုးဝါးတဲ့ရလဒ်နဲ့ကြုံတွေ့ခဲ့ရတယ်။ ဒါပေမယ့် အဲ့ကတည်းက သူတို့အသင်းမှာ တိုးတက်မှုတွေရှိလာပါတယ်။ သူတို့နဲ့ ကစားရမယ့်ပွဲဟာလည်း လွယ်ကူတဲ့ပွဲတော့ဖြစ်လာလိမ့်မယ်လို့ မထင်မိပါဘူး။ ကျွန်တော်တို့က တော့ ဘယ်အသင်းနဲ့မဆိုရင်ဆိုင်ကစားတိုင်း အမြဲ တမ်း အကောင်းဆုံးဖြစ်အောင်ကြိုးစားရပါမယ်။ " [MUTV] crd နငယ်

Share: