⚽ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ဆေးရုံဆီက တုံ့ပြန်မှုတစ်ခုရရှိခဲ့တဲ့ မက်ဆီ ⚽ ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ဘာစီလိုနာမှာရှိတဲ့ ဆေးရုံတစ်ခုကို မက်ဆီက လှူဒါန်းမှုတွေပြုလုပ်ခဲ့အပြီးမှာ အဆိုပါဆေးရုံက မက်ဆီကို ကျေးဇူးတင်စကားဆိုသွားခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ပြသနာက ဖြစ်ပွားနေတာဖြစ်ပြီး အားကစားလောကကိုလည်း အကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။ ကူုးစက်မှုပေါင်းလေးသိန်းကျော်အထိ ရှိလာနေပြီဖြစ်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေရဆဲဖြစ်ပါတယ်။ ဘောလုံးအသင်းတွေအတွက်လည်း ဘဏ္ဍာရေးထိခိုကမှုတွေရှိလာခဲ့ပြီး ကစားသမားနဲ့ ၀န်ထမ်းတွေကို လစာငွေလျှော့ချမှုတွေ ပြုလုပ်နေရကာ အခက်အခဲတွေကို အတူတူကျော်ဖြတ်နေရတာလည်းဖြစ်ပါတယ်။ မက်ဆီကတော့ ဘာစီလိုနာမှာရှိတဲ့ Hospital Clinic ကို အလှူငွေထည့်ဝင်ခဲ့တာဖြစ်ပါတယ်။ ဘယ်လောက်ပမာဏအထိ လှူဒါန်းခဲ့သလဲဆိုတာကိုတော့ အတိအကျမသိရဘဲ ဆေးရုံဘက်ကတော့ မက်ဆီကို တွစ်တာကတဆင့် ကျေးဇူးတင်စကားပြောဆိုခဲ့ပါတယ်။ ဘောလုံးလောကရဲ့အခြားသောနည်းပြ၊ ကစားသမားတွေကလည်း ကိုယ်စီလှူဒါန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ “ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မက်ဆီက လှူဒါန်းမှုတစ်ခုပြုလုပ်သွားခဲ့ပါတယ်၊ ဒီလိုကူညီထောက်ပံ့ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် လီယို” လို့ Hospital Clinic က ရေးသားပြောဆိုခဲ့ပါတယ်။ စပိန်နိုင်ငံကတော့ ဥရောပမှာ ကူးစက်ခံရမှု ဒုတိယမြောက် အဆိုးဝါးဆုံးနိုင်ငံလို့သိရပြီး လေးသောင်းကျော်ကူးစက်ခံရကာ ၂၈၀၀ ခန့်သေဆုံးထားပါတယ်။

Credit လေးစားစွာဖြင့် ================= 🙏


Share: