အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ပတ်သက်ပြီး ထင်မြင်ချက်မပေးလိုကြောင်းနှင့် အသင်းတိုင်းကို လေးစားမှုရှိပြီး ဖိလစ်ပိုင်အသင်းနှင့်ပွဲအတွက် ဂရုစိုက်ပြင်ဆင်ထားကြောင်း မြန်မာအမျိုးသားအသင်းနည်းပြချုပ် ပိုပေါ့ဗ် ပြောကြား

(၃၁) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသားဘောလုံးပြိုင်ပွဲဝင် မြန်မာအမျိုးသားအသင်းနည်းပြချုပ် ဗီလစ်ဇာပိုပေါ့ဗ်က အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ပတ်သက်ပြီး ထင်မြင်ချက်မပေးလိုကြောင်းနှင့် အသင်းတိုင်းကို လေးစားမှုရှိပြီး ဖိလစ်ပိုင်အသင်းနှင့်ပွဲ အတွက် ဂရုစိုက်ပြင်ဆင်ထားကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။ ပိုပေါ့ဗ်က ''တီမောနဲ ့ပွဲက ရလဒ်နဲ ့ ပတ်သက်လို ့ ကျွန်တော်ကတော့ မအံ့သြပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ဖက်အသင်း (တီမော) က ကျွန်တော်တို ့အတွက် အခက်အခဲဖြစ်စေခဲ့လို ့ပါ။ ကျွန်တော့်အသင်းက ဒုတိယပိုင်းမှာ ကစားပုံမကောင်းခဲ့ပါဘူး။ ကျွန်တော့်ရဲ ့မူက တစ်ဖက်အသင်းကို သိပ်ဂရုစိုက်လေ့မရှိဘူး။ ကျွန်တော့်အသင်း ဘယ်လောက်ကောင်းအောင် စွမ်းဆောင်ပြနိုင်မလဲ ဆိုတာပဲ ကျွန်တော် ပိုပြီး အာရုံစိုက်တယ်။ တခြားအသင်းတွေက ဒီနှစ်ထဲမှာ ပွဲပေါင်း ၁၅ ပွဲလောက်ကစားထားပြီးပြီ။ ကျွန်တော့်အသင်းက အခုပွဲ(တီမော) ပါမှ တရားဝင်ပွဲ ၃ ပွဲပဲ ဒီနှစ်ထဲမှာ ကစားထားရသေးတာပါ။ ကျွန်တော်တို ့အသင်းက နားနေရတဲ့အချိန်တွေ များတယ်။ ဒါပေမဲ့ သဘောထားကွဲလွဲမှုတွေနဲ ့ ပွတ်တိုက်မှုတွေကတော့ ရှိနေတယ်။ ဆီးဂိမ်းစ်ပြိုင်ပွဲက ကျွန်တော့်အတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ကျွန်တော်တို ့အသင်းအတွက် ရေးဆွဲပေးထားတဲ့ ပွဲစဉ်ဇယားအပေါ်မှာလည်း ကျွန်တော့်အနေနဲ ့ စောဒကမတက်လိုပါဘူး။ ပွဲစဉ်ရေးဆွဲထားမှု နဲ ့ပတ်သက်လို ့တော့ ကျွန်တော် ဘာထင်မြင်ချက်မှ မပေးလိုပါဘူး။ အသင်းတိုင်းအတွက် ရေးဆွဲပေးထားတာပဲလေ။ ကျွန်တော် စောဒကတက်လို ့လည်း အကြောင်းထူးမယ် မထင်ဘူး။ ကျွန်တော်က အသင်းတိုင်းကို လေးစားပြီးသားပါ။ အိမ်ရှင်ဗီယက်နမ်အသင်းနဲ ့ပတ်သက်လို ့တော့ ကျွန်တော် ဘာမှ ထင်မြင်ချက်မပေးလိုပါဘူး။ ကျွန်တော့်မှာ ဘာမှ မှတ်ချက်ပေးစရာ မရှိဘူး။ အခုချိန်မှာ အနီးကပ်ဆုံးပွဲဖြစ်တဲ့ ဖိလစ်ပိုင်အသင်းနဲ ့ကစားရမယ့်ပွဲအတွက်ပဲ ကျွန်တော် အရုံစိုက်ပြင်ဆင်နေပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသားအသင်းသည် ပွဲစဉ်ရေးဆွဲထားမှုအရ တီမောအသင်းနှင် ဦးစွာကစားရပြီးနောက် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား အသင်း ၃ သင်းနှင့် ဆက်တိုက်ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသားအသင်းသည် ယနေ ့တွင် ဖိလစ်ပိုင်အသင်း၊ မေ ၁၃ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်း၊ မေ ၁၆ ရက်တွင် အင်ဒိုနီးရှားအသင်းတို ့နှင့် ကစားရမည်ဖြစ်သည်။ မြန်မာအမျိုးသားအသင်းနည်းပြချုပ်ဖြစ်သူ ဗီလစ်ဇာပိုပေါ့ဗ်သည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအသင်းကိုလည်း တာဝန်ယူကိုင်တွယ်ခဲ့ပြီး ထိုစဉ်က တတိယကြေးတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ထားသည်။ ပိုပေါ့ဗ်သည် မြန်မာအသင်းကို ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းက ကိုင်တွယ်နေခြင်းဖြစ်သည်။

Share: