ဗြိတိန်တစ်နိုင်ငံလုံးက လီဗာပူးလ်အသင်းကို ချန်ပီယံဆုရစေချင်ကြောင်း ဂွါဒီယိုလာ၏ပြောကြားမှုကို ယာဂန်ကလော့ပ် လက်မခံ


လီဗာပူးလ်အသင်းအား မီဒီယာများ အပြင် ဗြိတိန်တစ်နိုင်ငံလုံးက အားပေးနေကြပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလည်း ရရှိစေချင်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီ ယိုလာ၏ သုံးသပ်ပြောကြားမှုကို လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က လက်မခံ ဘဲ ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့က နယူးကာဆယ်အသင်း နှင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက ယခုလို ပြောကြားခဲ့ခြင်းဖြစ်ပြီး လီဗာ ပူးလ်အသင်း၏ အောင်မြင်မှုနှင့် သမိုင်းအစဉ် အလာများကြောင့် တစ်နိုင်ငံလုံးက ၎င်းတို့ကို သာ ချန်ပီယံဆုရရှိစေလိုကြောင်း ပြောကြား ခဲ့သည်။ သို့သော် ယင်းမှတ်ချက်စကားနှင့် ပတ်သက်၍ ယာဂန်ကလော့ပ်က "တစ်နိုင်ငံလုံးက ကျွန်တော်တို့ကို အားပေးနေကြသလား ဆိုတာ ကျွန်တော်မသိပါဘူး။ တခြားနေရာတွေကို ကျွန်တော်တို့သွားတဲ့အချိန်မှာ ရတဲ့ ခံစားချက်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ တကယ်တော့ အဲဒီပုံစံနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ကျွန်တော်က လီဗာပူးလ်မှာနေတာပါ။ ဒီမှာ ရှိတဲ့သူအများစုက ကျွန်တော်တို့ကို အမှတ် ပေးချန်ပီယံဆု ရစေချင်တယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတောင် အဲဒီ လိုဖြစ်နိုင်ခြေက ရာခိုင်နှုန်း ၅၀ လောက်ပဲ ရှိလိမ့်မယ်" ဟု တုံ့ပြန်ပြောကြားသည်။ ထို့ပြင် ၎င်းက "မန်နေဂျာတစ်ယောက် အနေနဲ့ ပြီးခဲ့တဲ့ပွဲ (စပါးနှင့်) အပြီးမှာ ကျွန်တော်လည်း အဲဒီအတွေ့အကြုံမျိုးရခဲ့ပါတယ်။ ကျွန်တော်တို့တွေက ဒီအခြေအနေနဲ့ ပြိုင်ပွဲ တွေရဲ့ လွှမ်းမိုးမှုတွေ အများကြီးခံနေရတယ်။ ဒီအကြောင်းတွေ ကျွန်တော်ပြောဖူးပြီးသား ပါ။ ထပ်ပြီးပြောရဦးမှာလား။ တော်ပါပြီ။ ပွဲအပြီးမှာ တော့တင်ဟမ်အသင်းရဲ့ကစားပုံ အကြောင်း ကျွန်တော်ပြောခဲ့တယ်။ သူတို့က သူတို့ပုံစံအတိုင်းကစားနေလို့ အဆင့် ၅ နေရာ မှာပဲ ရှိနေတာလို့ ပြောခဲ့တယ်။ ဒါက အဲဒီ အချိန်မှာ ကျွန်တော့်ရဲ့ ခံစားချက်သက်သက် ပါပဲ။ အန်တိုနီယို (ကွန်တီ) လုပ်နေတာတွေ နဲ့ပတ်သက်လို့ ကျွန်တော် ဒီထက်ပိုပြီး လေး စားမှုမပေးနိုင်ပါဘူး။ ပက်(ဂွါဒီယိုလာ)အနေ နဲ့ ဘယ်လိုအခြေအနေမှာ ရောက်နေလဲ ဆိုတာ ကျွန်တော်မသိပါဘူး။ ချန်ပီယံလိဂ် ကနေ ထွက်ခဲ့ရတဲ့အခြေအနေကို လက်ခံနိုင် ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမဲ့ လီဗာပူးလ်က တော့ ဗိုလ်လုပွဲကို ရောက်ခဲ့တယ်။ ခင်ဗျားဆီ မှာ ဒီလိုအခြေအနေမျိုးတွေ ရှိနေတယ်" ဟု ဆက်လက်ပြောကြားသည်။ လီဗာပူးလ်အသင်းသည် ပွဲစဉ် ၃၃ မှ ပွဲကျန်အဖြစ် ဗီလာအသင်းနှင့် အဝေးကွင်း ပွဲကို အင်္ဂါနေ့ ညပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရ သည်။ ယင်းပွဲမတိုင်မီ ၃၅ ပွဲစီကစားအပြီးတွင် မန်စီးတီးအသင်းက သုံးမှတ်အသာ ၈၆ မှတ် ဖြင့် ဦးဆောင်နေသလို ဂိုးကွာခြားမှုတွင်လည်း လေးဂိုးအသာရထားသည်။ လီဗာပူးလ်အသင်း မှာ လာမည့်စနေနေ့တွင် ချယ်လ်ဆီးနှင့် FAဖလား ဗိုလ်လုပွဲ၊ မေ ၁၇ ရက်တွင် ဆောက် သမ်တန်နှင့် အဝေးကွင်း၊ မေ ၂၂ ရက်တွင် ဝုလ်ဗ်နှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။

Share: