စပါး၏ကစားပုံအား ဝေဖန်ခဲ့သည့် ကလော့ပ်ကို ကွန်တီ တုံ့ပြန်

စပါးနည်းပြ ကွန်တီသည် အသင်း၏ခံစစ်ကစားပုံအား ဝေဖန်ခဲ့သည့် လီဗာပူးလ်နည်းပြ ကလော့ပ်ကို ဆင်ခြေရှာခြင်းသာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ မေ (၇) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၁-၁) စပါးပွဲအပြီးတွင် လီဗာပူးလ်နည်းပြ ကလော့ပ်က စပါးအသင်းသည် အဆင့်(၅) ဖြစ်ပြီး ယင်းနေရာနှင့်တန်သည့်ကစားဟန်ဖြင့် ကစားခဲ့သည်ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ကွန်တီက ''ပြိုင်ဘက်အကြောင်းကို ပြောတယ်ဆိုတာ ကိုယ်လုပ်တာ မဖြစ်လို့ ဆင်ခြေရှာတဲ့ သဘောပါပဲ''ဟု ဆိုခဲ့သည်။ နောက်ပိုင်းတွင် ကလော့ပ်က စပါး၏ကစားပုံအား ဝေဖန်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ဝန်ခံခဲ့သည်။

Share: