ဝင်ဘလေစီးချင်းမှာ ဘယ်သူမှတ်ကျောက်တင်နိုင်မလဲ

နှစ် (၁၅၀)ပြည့်အထိမ်းအမှတ် ၂၀၂၁-၂၂ ရာသီ FA ဖလားဗိုလ်လုပွဲကိုတော့ အင်္ဂလန်ထိပ်သီးအသင်း (၂)သင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့တက် ရောက်လာနိုင်ခဲ့ပြီး မေလ (၁၄)ရက်နေ့၊ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အစဉ်အလာအရှိန်အဝါကြီးမားတဲ့ ထိပ်သီးအသင်း (၂)သင်း ထိပ်တိုက်တွေ့တဲ့ ဗိုလ်လုပွဲဖြစ်နေတဲ့အပြင် ဒီ(၂)သင်းရဲ့ ဆုဖလားမျှော်လင့်ချက်တွေနဲ့ လက်ရှိကမ္ဘာ့အကောင်းဆုံးစာရင်းဝင် နည်းပြနှစ်ဦးဖြစ်တဲ့ တူ ဟယ်လ်နဲ့ ယာဂန်ကလော့ပ်တို့ရဲ့ ဗျူဟာမြောက် အားပြိုင်မှုတွေကို တွေ့မြင်ခံစားရမှာဖြစ်တာကြောင့် ဗိုလ်လုပွဲမစခင်ကတည်းက ရင်ခုန်သံတွေ ဗလောင်ဆူနေခဲ့ပြီလို့ပဲဆိုရပါလိမ့်မယ်။

Share: