အာဆင်နယ်နှင့်ပွဲတွင် လူစားလဲခံရသည့်အတွက် စိတ်ပျက်ကြောင်း ဆွန်ဟောင်မင် ဝန်ခံ

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က အာဆင်နယ်နှင့်ပွဲတွင် လူစားလဲခံရသည့်အတွက် စိတ်ပျက်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ မေ ၁၂ ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် စပါး(၃-၁)အာဆင်နယ်ပွဲ၌ ဆွန်ဟောင်မင်သည် ပွဲချိန် ၄၇ မိနစ်တွင် စပါးအသင်းအတွက် တတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့သော်လည်း ပွဲချိန် ၇၂ မိနစ်တွင် ဘာ့ဂ်ဝင်းနှင့် လူစားလဲခံရသည်။ လူစားလဲခံရချိန်တွင် ဆွန်ဟောင်မင်ကို စိတ်ပျက်ဒေါသထွက်နေသည့်ပုံစံမျိုး မြင်တွေ့ခဲ့ရသည်။ "ကျွန်တော်က အမြဲတမ်းကစားချင်တာပါ။ ဒါပေမဲ့ နည်းပြရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး ဒါကို ကျွန်တော် လက်ခံရပါမယ်။ သူက တနင်္ဂနွေနေ့ပွဲ ရှိတာကြောင့် ကျွန်တော်ကို လူစားလဲတာလို့ ပြောပါတယ်။ ဒီတော့ ကိစ္စမရှိပါဘူး။ လူစားလဲခံရတာကို ကျွန်တော် ဒေါသမထွက်ပါဘူး။ ဒါပေမဲ့ စိတ်တော့ ပျက်ပါတယ်"ဟု ဆွန်ဟောင်မင်က ပြောကြားသည်။

Share: