ပရီးမီးယားလိဂ်ပွဲစဉ် (၃၇) ပွဲကြိုသုံးသပ်ချက်
စပါး - ဘန်လေ (တနင်္ဂနွေညနေ ၅း၃၀ နာရီ) စပါးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရမ်းအ ရေးကြီးနေပြီး အိမ်ကွင်းမှာ အမှားခံလို့မရ၊ ခြေချော်လို့မရဘူး။ ဘန်လေကလည်း တန်းဆင်းဇုန်တိုက်ပွဲအတွက် အမှားခံလို့မရ တဲ့ အခြေအနေဖြစ်နေတယ်။ သရေရလဒ်က နှစ်သင်းစလုံးအ တွက် ကျေနပ်စရာမဟုတ်လို့ နိုင်ပွဲကိုပဲ ဦးတည်ပြီး အကြိတ် အနယ်ကစားကြလိမ့်မယ်။ ဘန်လေအသင်းက ရလဒ်တွေ ဆက်တိုက်ကောင်းနေခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ ဗီလာကို ရှုံးပွဲတွေ့ခဲ့တယ်။ ဘန်လေရဲ့အရှိန်ရပ်တန့်သွားနိုင် တဲ့ ရလဒ်လည်းဖြစ်တယ်။ စပါးကပဲ လက်ကျန်မျှော်လင့်ချက် အတွက်အနိုင်ကစားသွားဖို့ များပါတယ်။ အက်စတွန်ဗီလာ - ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည ရး၃၀ နာရီ) အက်စတွန်ဗီလာက ဒီပွဲပြီးရင် ရာသီပိတ်ပွဲစဉ်အဖြစ် မန် စီးတီးအသင်းနဲ့ သွားကစားရမှာပါ။ အသင်းက မျှော်လင့်ချက် မည်မည်ရရမရှိတဲ့ အဆင့်မှာ ရပ်တည်နေတယ်ဆိုပေမဲ့ အက် စတွန်ဗီလာရဲ့ ဒီရာသီရည်မှန်းချက် အောင်မြင်ခဲ့တယ်လို့ပဲ ပြောရမယ်။ ဂျရတ်က သူ့အလုပ်သူ ကောင်းကောင်းလုပ်နိုင် ခဲ့ပြီး တာဝန်ကျေခဲ့တယ်။ ခရစ္စတယ်ပဲလေ့စ်က ဂျရတ်ရဲ့ ကစား သမားဘ၀ ပြိုင်ဘက်ဟောင်း ဗီယာရာကိုင်တွယ်နေတဲ့ အသင်း ဖြစ်ပြီး ခြေစွမ်းရော၊ ရလဒ်ပါ အားကောင်းပါတယ်။ ဗီလာနဲ့ ခြေညီပြီ အင်အားလည်း သိပ်မကွာဘူ။ ဒီပွဲက သရေရလဒ်နဲ့အ ဆုံးသတ်သွားဖို့များတယ်။ လိဒ်စ် - ဘရိုက်တန် (တနင်္ဂနွေည ရး၃၀ နာရီ) ဘရိုက်တန်အသင်းက အမှတ်မလိုတောပေမဲ့ ရာသီပိတ် ပွဲစဉ်တွေမှာ ပွဲတိုင်းကို အားထည့်ကစားနေပြီး ရပ်တည်မှုပို ကောင်းအောင် ကြိုစားနေတာကို တွေ့ရတယ်။ လိဒ်စ်အသင်း အတွက်က သေရေးရှင်ရေး အခြေအနေဖြစ်နေပြီး ဘရိုက်တန် ကို မဖြစ်မနေအနိုင်ကစားလို့ လိုအပ်နေတယ်။ ပုံမှန်ခြေစွမ်း သာ ပြနိုင်ရင် လိဒ်စ်အသင်းက ဘရိုက်တန်ကိုအနိုင်ကစားနိုင် တဲ့ခြေစွမ်းရှိပါတယ်။ လိဒ်စ်ကို ကြိုက်တယ်။ ဝက်ဖို့ဒ် - လက်စတာ (တနင်္ဂနွေည ရး၃၀ နာရီ) နှစ်သင်းစလုံးက အမှတ်မလိုတဲ့ အနေအထားတွေ ဖြစ် ပြီး လက်စတာအသင်းကတော့ ပိုမိုအင်အားကောင်းတယ်။ ဒါ ပေမဲ့ ဝက်ဖို့ဒ်အသင်းရဲ့အိမ်ကွင်းမှာ အထူးတလည်ကြိုးစားနေ စရာမရှိပါဘူး။ သရေကျသွားနိုင်တယ်။ ဝက်စ်ဟမ်း - မန်စီးတီး (တနင်္ဂနွေည ရး၃၀ နာရီ) မန်စီးတီးအတွက် အရမ်းအရေးကြီးတဲ့ပွဲဖြစ်ပြီး ဝက်စ်ဟမ်းအသင်းကလည်း အမှတ်ယူဖို့ ကြိုးစားဦးမှာပါ။ ဝက်စ်ဟမ်း က အိမ်ကွင်းနောက်ဆုံးပွဲစဉ် (၂)ပွဲမှာ မန်စီးတီးအသင်းကို သရေကစားခဲ့ပြီး ဒီပွဲမှာလည်း မန်စီးတီးကို အခက်တွေ့အောင် ကြိုးစားလိမ့်မယ်။ မန်စီးတီးအသင်းက လက်ရှိပရီးမီးယားလိဂ်မှာ ဂိုးပြတ်နိုင်ပွဲတွေ ဆက်တိုက်ယူနေပြီး အကောင်းဆုံးပုံစံ ပြ သနေတဲ့အသင်းလည်းဖြစ်တယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းမှာ ကစားရမှာဖြစ်လို့ အခက်အခဲရှိပေမဲ့ ဝက်စ်ဟမ်းခံစစ်ကို ကျော်ဖြတ်နိုင်မှာပါ။ မန်စီးတီးပဲနိုင်ပွဲရလိမ့်မယ်။ ဝုလ်ဗ် - နောဝစ်ချ် (တနင်္ဂနွေည ရး၃၀ နာရီ) ဝုလ်ဗ်အသင်းက နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းဆက် တိုက်ကျဆင်းသွားခဲ့တယ်။ နောဝစ်ချ်ကိုတော့ အိမ်ကွင်းမှာ အနိုင်ယူဖို့အတွက် အခက်အခဲမရှိပါဘူး။ ဝုလ်ဗ်ပဲ အနိုင်ရမှာ ဖြစ်ပြီး ဂိုးလည်းပြတ်သွားနိုင်တယ်။ အဲဗာတန် - ဘရန့်ဖို့ဒ် (တနင်္ဂနွေည ၁၀း၀၀ နာရီ) အဲဗာတန်အသင်းအတွက် နောက်ထပ်အခွင့်အရေး ကောင်းတစ်ခုပါ။ ဘရန့်ဖို့ဒ်က ပိုကောင်းတဲ့ရပ်တည်မှုရှိပြီး လက်ရှိရလဒ်ပိုင်းကလည်း အရမ်းကောင်းနေပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထားမှာ အမှတ်အရမ်းလိုနေတဲ့ အဲဗာတန်အ သင်းကို အဝေးကွင်းမှာ အသည်းအသန်ကစားပြနေဖို့ ဘရန့် ဖို့ဒ်အတွက် မလိုအပ်ပါဘူး။ အဲဗာတန်ကလည်း ပွဲကျပ်ကျန်နေ သေးလို့ ဒီပွဲကို အနိုင်ကစားပါလိမ့်မယ်။

Share: