အင်တာမီလန်ကစားသမားများဖြစ်သည့် လော်တာရိုမာတီနက်ဇ်၊ ရှာကရီညာနှင့် ဘက်စ်တိုနီတို့ကို ချယ်လ်ဆီး ပစ်မှတ်ထား
ချယ်လ်ဆီးအသင်းသည် ယခုနွေရာသီတွင် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်ရန် စီစဉ်နေပြီး အင်တာမီလန်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်၊ နောက်ခံကစားသမားများဖြစ်သည့် ရှာကရီညာနှင့် ဘက်စတိုနီတို့ကို ပစ်မှတ်ထားနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။ ချယ်လ်ဆီးအသင်းပိုင်ရှင်သစ် တော့ဒ်ဘိုလေသည် ယခုနွေရာသီတွင် အသင်းနည်းပြ တူဟယ်လ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) ခွင့်ပြုပေးမည်ဟု သတင်းထွက်နေပြီး လာမည့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့ကို စိန်ခေါ်နိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းသို့ အငှားချဖွယ်ရှိနေပြီး ၎င်းနေရာတွင်အစားထိုးရန်အတွက် လော်တာရိုမာတီနက်ဇ်ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ ထို့ပြင် ချယ်လ်ဆီးအသင်းသည် ယခုနွေတွင် အသင်းမှထွက်ခွာသွားသည့် နောက်ခံလူများဖြစ်သော ရူဒီဂါနှင့် ခရစ္စတန်ဆင်တို့၏နေရာများတွင် အစားထိုးရန်အတွက်လည်း အင်တာမီလန်နောက်ခံလူများဖြစ်သည့် ရှာကရီညာနှင့် ဘက်စ်တိုနီကို ခေါ်ယူလိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

Share: