ဖရန်ကီဒီယွန်းအတွက် ကြေးတိုးမြှင့်ကမ်းလှမ်းရန် မန်ယူ ပြင်ဆင်
မန်ယူအသင်းသည် နယ်သာလန်လက်ရွေးစင်ကွင်းလယ်လူ ဖရန်ကီဒီယွန်းအား ခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေးတိုးမြှင့်ကမ်းလှမ်းရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။ မန်ယူအသင်းက ကနဦးပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)၊ Add-ons ကြေး ယူရို (၁၀) သန်း၊ စုစုပေါင်း ယူရိုသန်း (၇၀) ဖြင့် ပထမဆုံးကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းက ပယ်ချခဲ့သောကြောင့် ကြေးတိုးမြှင့်သွားရန် စီစဉ်နေခြင်းဖြစ်သည်။ အသက်(၂၅)နှစ်အရွယ်ရှိ ဖရန်ကီဒီယွန်းမှာ ယခုနွေရာသီအပြောင်း အရွှေ့ကာလအတွင်း မန်ယူအသင်း၏ အဓိကပစ်မှတ်ဖြစ်ပြီး ဒီယွန်းကိုယ်တိုင်ကလည်း အေဂျက်စ်အသင်း၌ လက်တွဲခဲ့ဖူးသည့် နည်းပြ တန်ဟက်ဂ်နှင့် ပြန်လည် ဆုံစည်းရန် ဆန္ဒရှိနေကြောင်း သိရသည်။ ဘာစီလိုနာအသင်းက ဖရန်ကီဒီယွန်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို (၈၅)သန်း သတ်မှတ်ထားပြီး ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရောင်းချနိုင်ဖွယ်ရှိကြောင်း မီဒီယာများက သုံးသပ်ဖော်ပြလျက်ရှိသည်။

Share: