ကစားသမားထပ်မံခေါ်ယူပေးရန် မော်ရင်ဟို တောင်းဆို

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက မန်ယူအသင်းကွင်းလယ်လူဟောင်း မာတစ်ကို ခေါ်ယူနိုင်ပြီးနောက် နောက်ထပ်ကစားသမားသစ် (၂)ဦးခေါ်ယူပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။ လာမည့်ရာသီတွင် ရိုးမားအသင်းအား ချန်ပီယံလိဂ်ဝင်ခွင့်ရယူပေးရန် မော်ရင်ဟိုက ပစ်မှတ်ထားနေပြီး အဆိုပါရည်မှန်းချက်အတွက် တိုက်စစ်မှူးတစ်ဦးနှင့် ခံစစ်ကစားသမားတစ်ဦး လိုအပ်ကြောင်း ပြောကြားထားသည်။ ရိုးမားအသင်းသည် လိုင်လီနောက်ခံလူ ဆီလစ်ခ်နှင့် ဘိုဒယ်ဂလင့် တောင်ပံကစားသမား ဆိုလ်ဘာကန်တို့ကိုလည်း သဘောတူညီမှုရရှိထားကြောင်း သိရသည်။

Share: