ဆောက်သမ်တန်နှင့် တစ်နှစ်သက်တမ်းတိုးရန် ကာဘယ်လာရို သဘောတူ

ဆောက်သမ်တန်အသင်းမှ အာဂျင်တီးနားဂိုးသမား ကာဘယ်လာရို(၄၀ နှစ်)သည် အသင်းနှင့် တစ်နှစ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။ ကာဘယ်လာရိုသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ချယ်လ်ဆီးမှ ဆောက်သမ်တန်သို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းတွင် တတိယဂိုးသမားအဖြစ်သာ နေရာရနေသူဖြစ်သည်။ အာဂျင်တီးနားဝါရင့်ဂိုးသမား ကာဘယ်လာရိုသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီက ဆောက်သမ်တန်အသင်းအတွက် ပြိုင်ပွဲစုံ (၂) ပွဲသာ ကစားခဲ့ရသော်လည်း သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ကာဘယ်လာရိုသည် ၂၀၁၄-၁၅ ရာသီကတည်းက ပရီးမီးယားလိဂ်သို့ ရောက်ရှိနေခဲ့သူဖြစ်ပြီး မန်စီးတီး၊ ချယ်လ်ဆီးနှင့် ယခု ဆောက်သမ်တန်အသင်းတို့တွင် (၈)ရာသီအတွင်း ပရီးမီးယားလိဂ်တွင် စုစုပေါင်း(၃၆)ပွဲသာ ကစားခွင့်ရခဲ့ကြောင်းလည်း သိရသည်။

Share: