ထိုင်းအမျိုးသမီးလိဂ်ချန်ပီယံ College of Asian Scholars အသင်းအတွက် ခင်မာလာထွန်း လေးဂိုးသွင်းယူနိုင်ခဲ့

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ခေါင်းဆောင် ခင်မာလာထွန်းသည် ၂၀၂၂ ရာသီ ထိုင်းအမျိုးသမီးလိဂ်ချန်ပီယံ College of Asian Scholars အသင်းအတွက် လေးဂိုး သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။ ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီးကလပ် College of Asian Scholars အသင်းသို့ ရာသီဝက်မှသာ ပြောင်းရွှေ့ခဲ့ပြီး ဇွန် ၇ ရက်မှသာ အသင်းနှင့် ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ခင်မာလာထွန်း စတင်ပူးပေါင်းသည့်အချိန်တွင် College of Asian Scholars အသင်းသည် လေးပွဲသာကစားရန် ကျန်ရှိ တော့ပြီး ယင်းလေးပွဲစလုံး ပါဝင်ကစားခွင့် ရခဲ့ခြင်းဖြစ်သည်။ ခင်မာလာထွန်းသည် အသင်းသို့ ရောက်ရှိအပြီး တစ်ရက်မပြည့်မီမှာပင် ပထမဆုံးပွဲကစားခဲ့ရပြီး ပထမဆုံးပွဲ မှာပင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ခင်မာလာထွန်းသည် ဇွန် ၈ ရက်က ယှဉ်ပြိုင်ကစားသည့် နာခွန်ဆီအသင်းနှင့်ပွဲတွင် နှစ် ဂိုး၊ ဇွန် ၁၅ ရက်က ကစားသည့် လမ်ပန် အသင်းနှင့်ပွဲတွင် တစ်ဂိုး၊ ဇွန် ၁၉ ရက်က နောက်ဆုံးပွဲအဖြစ်ကစားသည့် ဘူရီရတ် အသင်းနှင့်ပွဲတွင် တစ်ဂိုး၊ စုစုပေါင်း လေးဂိုး သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ခင်မာလာထွန်းသည် သွားရောက်ကစား သည် College of Asian Scholars အသင်း သည် ပွဲအားလုံးအနိုင်ရရှိကာ ၁၄ ပွဲကစား ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေးချန်ပီယံဆု ထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအမျိုး သမီးလိဂ်တွင် အသင်းရှစ်သင်းပါဝင်ပြီး နှစ် ကျော့စနစ်ဖြင့် ကျင်းပသောကြောင့် တစ် သင်းလျှင် ၁၄ ပွဲစီ ကစားရခြင်းဖြစ်သည်။ ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီးကလပ် တွင် ပထမဆုံးသွားရောက်ကစားခွင့်ရသည့် မြန်မာအမျိုးသမီး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို ပထမဆုံးရာသီမှာပင် အောင်မြင်မှုရခဲ့ခြင်း ဖြစ်သည်။ College of Asian Scholars အသင်းသည် ခင်မာလာ ထွန်းကို ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲပြီးက တည်းက ခေါ်ယူခဲ့သော်လည်း ဇွန်ပထမပတ် မှသာ အသင်းနှင့် ပူးပေါင်းနိုင်ခဲ့ခြင်းဖြစ်သည်။ College of Asian Scholarsအသင်းသည် ခင်မာလာထွန်းကို သုံးလစာချုပ်ဖြင့် ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး အသင်းတွင် အမြန်ဆုံးအထိုင် ကျပြီး ခြေစွမ်းပြကစားနိုင်သဖြင့် လာမည့် ရာသီတွင်လည်း ဆက်လက်ကစားခွင့်ရဖွယ် ရှိနေသည်။ ခင်မာလာထွန်းသည် မြန်မာအမျိုးသမီး ဘောလုံးလောကတွင် ဒုတိယမြောက် ပြည်ပ ထွက်ကစားသည့် မြန်မာအမျိုးသမီးဘောလုံး သမားဖြစ်ပြီး သူမ မတိုင်မီက တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယကလပ် ဂိုကူလမ် အသင်းတွင် ကစားခဲ့သည်။ ဝင်းသိင်္ဂီထွန်း သည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မေလအထိ ကစားခဲ့ပြီး အောင်မြင်မှုများ ရယူနိုင်ခဲ့သည်။ ဝင်းသိင်္ဂီထွန်းနှင့် ခင်မာလာ ထွန်းတို့ ခြေစွမ်းပြနိုင်သဖြင့် အခြားမြန်မာ ကစားသမားများလည်း ပြည်ပကလပ်များ တွင် ကစားခွင့်ရလာဖွယ်ရှိနေသည်။

Share: