■ လီဗာပူးလ်အားကစားဒါရိုက်တာဟောင်းကို ချယ်လ်ဆီး မျက်စိကျနေ

ချယ်လ်ဆီးအသင်းသည် လီဗာပူးလ်အသင်း၏ အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အက်ဒ်ဝပ်ဒ်စ်ကို မျက်စိကျနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် ဘောလုံးဒါရိုက်တာ မာရီနာဂရာနော့ဗ်စကိုင်ယာကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အားကစားဒါရိုက်တာသစ် ရှာဖွေနေရာ မိုက်ယ်အက်ဒ်ဝပ်ဒ်စ်ကို မျက်စိကျနေခြင်းဖြစ်ကြောင်း သိရသည်။ လီဗာပူးလ်အသင်းနှင့် လမ်းခွဲခဲ့သည့် မိုက်ကယ်အက်ဒ်ဝပ်ဒ်စ်ကို ချယ်လ်ဆီးအသင်းနှင့်အတူ မန်ယူအသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် စီမံခန့်ခွဲမှုပိုင်း၌ အပြောင်းအလဲများစွာ ပြုလုပ်ရန် လိုအပ်နေသည့်အသင်းလည်းဖြစ်သည်။


Share: