ဂျေးဇူးအကြောင်း ပြောကြည့်ခြင်း
အာဆင်နယ်ရဲ့ ရာသီကြိုကာလမှာ ဘယ်သူ လဲသူရဲကောင်းလဲလို့ မေးလာရင် ခပ်လွယ်လွယ် အဖြေပေးနိုင်ပါတယ်။ ဂျေးဇူးပဲပေါ့။ သွင်းဂိုးတွေနဲ့ အာဆင်နယ်အသစ်ကို နုပျိုထက်မြက်စွာ ကူညီ သရုပ်ဖော်ပေးနေသူ ဂျေးဇူးပဲမဟုတ်လား။ ချယ်လ် ဆီးကို ဂိုးပြတ်အနိုင်ရတဲ့ ဖလော်ရီဒါဖလားမှာ၊ ဆီ ဗီလာကို ဂိုးပြတ်အနိုင်ရတဲ့ အီမရိတ်စ်ဖလားမှာ၊ ဂျေးဇူးရဲ့ သွင်းဂိုးမြစ်ဝှမ်းဟာ ကမ္ဘာ့အနှံ့ရစ်ခွေစီး ဆင်းခဲ့ပြီ။ သူ့ဆီကနေ မက်လောက်စရာစွမ်းရည် ကို ဘယ်လောက်မြင်ခွင့်ရဦးမလဲဆိုပြီး အာဆင် နယ်ပရိသတ်တွေ ခပ်ရဲရဲစိတ်ကူးယဉ်နေပါပြီ။ တ ကယ်တမ်းပြန်တွေးကြည့်ရင် သူဟာ ဒဏ်ရာမိုးရေ တွေ စိုရွှဲပြီးမှ ပြန်လည်တည်ထောင်ရေးကာလထဲ ရောက်ရှိနေတုန်းပဲ။ ဒါပေမဲ့ သူ့ဆီကနေ မြင်တွေ့ နေရတာ မျှော်လင့်ထားတာထက် ပိုပြီးမြင့်မားနေ တဲ့ သွင်းဂိုးအရိပ်တွေပဲ။ အာဆင်နယ်မှာ အာတီ တာနဲ့ ပြန်ဆုံခွင့်ရတယ်၊ အာဆင်နယ်မှာ ဇင်ချန်ကို နဲ့ ပြန်ဆုံခွင့်ရတယ်။ သူ့ရဲ့ စိမ်းလန်းစိုပြေကာလ ဟာ အာဆင်နယ်မှာ ပြန်လည်ဖူးဝေစပြုနေပြီ။ ရာ သီသစ်စတင်ရင် အဲဒီအမြင့်ပျံသံပတ်လေးကို သူ ဆက်လက်ထိန်းသိမ်းနိုင်မလား။ ကြိုတင်မေးခွန်း တွေဟာ သွေးတိုးစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာ ပဲ ရင်ခုန်သံမြန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျေး ဇူးကြောင့် အာဆင်နယ်ပရိသတ်တွေ ရင်ခုန်သံမြန် နေရတာ သေချာနေပါပြီ။ သူ့အကြောင်း အာဆင် နယ်ရေးရာ ကလောင်ရှင် ဂျိမ်းစ်မက်နီချိုလက်စ်က The Athletic မှာ ဖွဲ့နွဲ့ထားတာကို ပြန်ပြီးဖော်ပြ ချင်ပါတယ်။ '' ဂျေးဇူးအကြောင်း ပြောကြည့်ခြင်း'' ပေါ့လေ။

Share: