စီရော်နယ်လ်ဒိုက မိမိအပေါ် ကျေးဇူးရှိကြောင်း ရီးယဲလ်အသင်းတိုက်စစ်မှူး ဘန်ဇီမာ ဖွင့်ဟ


ရီးယဲလ်အသင်းတိုက်စစ်မှူး ဘန်ဇီမာက အသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုသည် မိမိအပေါ်များစွာ ကူညီဖူးပြီးကျေးဇူးရှိသူဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ ဂျူဗင်တပ်စ် အသင်းသို့ စီရော်နယ်လ်ဒို ပြောင်းရွှေ့ပြီးနောက်ပိုင်း ဘန်ဇီမာသည် ရီးယဲလ်အသင်း၏အဓိကဂိုးသွင်းသူဖြစ်လာပြီး အောင်မြင်မှုများလည်း ထပ်မံပိုင်ဆိုင်ခဲ့သည်။ ဘန်ဇီမာက "စီရော်နယ်လ်ဒို မရှိတော့တဲ့ နောက်ပိုင်း ကျွန်တော် ဂိုးတွေအများ ကြီးပိုသွင်းလာနိုင်ပါတယ်။ ဒါပေမဲ့ သူ ရှိစဉ်တုန်းကလည်း ကျွန်တော်က ရီးယဲလ်အသင်းရဲ့ အရေးပါသူဖြစ်ခဲ့ပါတယ်။ သူ မရှိတော့တဲ့နောက် ကျွန်တော့်ရဲ့ကစားဟန်ကို ပြောင်းလဲခဲ့ပါတယ်။ အခုအချိန်မှာ ကျွန်တော်က ကိုယ့်ကိုယ်ကို ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ မပြောချင်ပေမဲ့ နှစ်စဉ်နှစ်တိုင်း ကျွန်တော့်ရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ရအောင် ကြိုးစားနေပါတယ်" ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဘန်ဇီမာက ရီးယဲလ်အသင်းမှ ထွက်ခွာမည့်အချိန်ကို မသိရှိသေးဘဲ အသင်းမှ လိုအပ်ချိန်အထိဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Share: