မီထရိုဗစ်က ဂိုးသွင်းပေးရုံသက်သက်လား
ပရီးမီးယားလိဂ် ပွဲစဉ် (၆) ပွဲကစား ပြီးချိန်မှာ မီထရိုဗစ်က သွင်းဂိုး (၆)ဂိုးနဲ့ ဂိုးသွင်းဘုရင်ဇယားမှာ အဆင့် (၂)ချိတ်နေတယ်။ ဒီရာသီ ဖူလ်ဟမ်တစ်သင်းလုံး ရရှိထားတဲ့ သွင်းဂိုးပမာဏ (၃)ချိုး၊ (၂)ချိုးကို သွင်းယူပေးထားပြီး ဖူလ်ဟမ်အတွက် အဓိက ရမှတ်စုဆောင်းပေးနေသူလည်း ဖြစ်တယ်။ မာကိုဆေးလ်ဗားရဲ့ အသင်းက ဒီရာသီ အဖွင့်ပွဲမှာ လီဗာပူးလ်နဲ့ ဝုလ်ဗ်တို့ကို နှစ်ပွဲဆက် သရေကျပြီး အသင်းကြီးတွေတောင် ခက်ခက်ခဲခဲ ကစားရတဲ့ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်ကို နိုင်ခဲ့တယ်။ ပြီးတော့ အာဆင်နယ်၊ စပါးတို့ကို ကပ်ပြီး ရှုံးခဲ့တယ်။ အသက် (၂၇)နှစ်အရွယ် မီထရိုဗစ်လိုက စားသမားတစ်ယောက်အတွက် ကစားသမားဘဝ ပရီးမီးယားလိဂ် သွင်းဂိုး (၂၄)ဂိုးက နည်းပါးလွန်းတဲ့ အရေအတွက် ဖြစ်နိုင်ပေမဲ့ ဖူလ်ဟမ်ရဲ့ လက်ရှိ ခြေစွမ်းအရ ပရီးမီးယားလိဂ်မှာ ဆက်ရှိနိုင်ဖို့ အလားအလာ ကောင်းတဲ့အသင်းဖြစ်လို့ သူ့ဆီက နောက်ထပ် သွင်းဂိုးတွေ မြင်ရဖို့ ရှိနေသေးတယ်။ မီထရိုဗစ်ရဲ့ အမြင့်စား စွမ်းဆောင်ရည်ကို ပရိသတ်တွေထပ်ပြီး မြင်တွေ့ခွင့်ရခြင်းမှာ ပေါ်တူဂီ လူမျိုးနည်းပြမာကိုဆေးလ်ဗားရဲ့ လွှမ်းမိုးမှုတွေ အများကြီး ရှိနေတယ်။

Share: