ဘင်ဖီကာလူငယ်တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်အား မန်ယူ ပစ်မှတ်ထားနေ
မန်ယူအသင်းသည် ဘင်ဖီကာလူငယ်တိုက်စစ်မှူး ဂွန်ကာလိုရာမို့စ်အား ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိသည်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးသူ ဂွန်ကာလိုသည် ဘင်ဖီကာအသင်းအတွက် ယခုရာသီ ၁၂ ပွဲကစားရာတွင် ရှစ်ဂိုးအထိ သွင်းယူထားသူဖြစ်သည်။ သို့သော် မန်ယူအသင်းအနေဖြင့် ဂွန်ကာလို၏ပြောင်းရွှေ့ ကြေးကို ပေါင် ၂၅ သန်းထက် ပိုပေးချေသွားရန် ဆန္ဒမရှိကြောင်း ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ဂွန်ကာလို၏ကိုယ်စားလှယ်များနှင့် ဆက်သွယ်ထားပြီးဖြစ်ကြောင်း သိရသည်။ လာမည့်နွေရာသီတွင် စီရော်နယ်လ်ဒို ထွက်ခွာဖွယ်ရှိမှု၊ ရပ်ရှ်ဖို့ဒ်နှင့် မာစီယဲလ် ဒဏ်ရာမကြာ ခဏရရှိမှုကြောင့် မန်ယူအသင်းမှာ တိုက်စစ်အားဖြည့်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

Share: