ယနေ့ည ကစားမည့် UEFA Nations League ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
ဂျာမနီ - ဟန်ဂေရီ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၄ ရက် နံနက် ၁:၁၅ နာရီ) ဟန်ဂေရီက အကောင်းဆုံးပုံစံပြပြီး အုပ်စုကို ဦးဆောင်နေတယ်။ (၄)ပွဲကစားပြီးချိန်မှာ အင်္ဂလန်ကို နှစ်ကျော့စလုံးအနိုင်ကစားခဲ့ပြီး အီတလီကို ရှုံး၊ ဂျာမနီနဲ့ သရေကစားထားတယ်။ အီတလီနဲ့ ပွဲတုန်းကလည်း အကြိတ်အနယ်ကစားခဲ့ပြီးမှ ကပ်ရှုံးခဲ့ခြင်းဖြစ်တယ်။ ဒီပွဲကတော့ ဂျာမနီမြေမှာဖြစ်ပြီး နောက်ဆုံး အိမ်ကွင်းပွဲမှာတုန်းကလည်း အီတလီကို ဂိုးပြတ်နိုင်ထားတဲ့ ဂျာမနီရဲ့ နောက်ထပ်နိုင်ပွဲတစ်ပွဲဖြစ်ဖို့များတယ်။ ဂျာမနီအသင်း နိုင်ပွဲဆက်ပြီး အုပ်စု ထိပ်ဆုံးနေရာကို တက်မယ်။ အီတလီ - အင်္ဂလန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၄ ရက် နံနက် ၁:၁၅ နာရီ) အီတလီအသင်းနဲ့ အင်္ဂလန်အသင်းတို့က ဒီအုပ်စုမှာ တန်းမဆင်းရဖို့ အပြိုင်ရုန်းကန်ရမယ့် အခြေအနေကိုရောက်နေတာ တော်တော် အံ့သြစရာကောင်းတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ အသင်းနှစ်သင်းဟာ Nations League ခြေစစ်ပွဲစဉ်တွေမှာ ရုန်းကန်နေရတယ်။ အင်္ဂလန်အသင်းက ဟန်ဂေရီအသင်းကို နှစ်ကျော့စလုံးရှုံးတဲ့အထိ အခြေအနေဆိုးခဲ့တယ်။ အီတလီနဲ့ ဂျာမနီတို့ကို သရေကစားထားပြီး ဒီပွဲပြီးရင် ဂျာမနီနဲ့ ဆက်ကစားရဦးမှာမို့ တန်းဆင်းဖို့ များနေတဲ့အခြေအနေပါ။ အီတလီမြေ၊ ဆန်စီရိုကွင်းမှာကစားရမယ့်ဒီပွဲမှာ အိမ်ရှင် အီတလီအသင်းကိုသာရှုံးခဲ့ရင် အင်္ဂလန် စောစောစီးစီး တန်းဆင်းဖို့ သေချာသွားမှာဖြစ်တယ်။ လက်ရှိအခြေအနေအရ နှစ်သင်းစလုံး အားရစရာမရှိပေမဲ့ အင်္ဂလန်က ပိုကောင်းပါတယ်။ အင်္ဂလန်ကို ကြိုက်တယ်။ ဘော့စနီးယား - မွန်တီနီဂရိုး (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၄ ရက် နံနက် ၁:၁၅ နာရီ) နှစ်သင်းစလုံးက ခြေစွမ်းပြနေတဲ့အသင်းတွေဖြစ်ပြီး အုပ်စုပထမနဲ့ ဒုတိယနေရာမှာ ရှိနေတယ်။ ဒီပွဲမှာ ဘော့စနီးယားနိုင်ရင် League A ကို တက်ဖို့ သေချာသွားမယ့်ပွဲစဉ်ဖြစ်ပြီး အမှားခံမှာ မဟုတ်ဘူး။ ပထမအကျော့ မွန်တီနီဂရိုးကွင်းမှာတုန်းကလည်း ဘော့စနီးယားက သရေကစားနိုင်ခဲ့တယ်။ မွန်တီနီဂရိုးကတော့ သရေဆိုရင် ဆက်မျှော်လင့်ခွင့်ရှိဦးမှာဖြစ်လို့ မရှုံးဖို့ အဓိကထား လိမ့်မယ်။ ဒါပေမဲ့ ဘော့စနီးယားကို ကြိုက်တယ်။ ဂျော်ဂျီယာ - မြောက်မက်ဆီဒိုးနီးယား* (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် ည ၁၀:၃၀ နာရီ) *အက်စ်တိုနီးယား - မော်လ်တာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၃ ရက် ည ၁၀:၃၀ နာရီ) ဖင်လန် - ရိုမေးနီးယား* (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၄ ရက် နံနက် ၁:၁၅ နာရီ) *ဘူလ်ဂေးရီးယား - ဂျီဘရော်လ်တာ (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၄ ရက် နံနက် ၁:၁၅ နာရီ)

Share: