PSG နည်းပြဟောင်း ပိုချက်တီနိုကို နိုက်စ်အသင်း ပစ်မှတ်ထားနေ
နိုက်စ်အသင်းသည် PSG နည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ ပိုချက်တီနိုသည် စပါးအသင်းနှင့် လမ်းခွဲပြီးနောက် PSG အသင်းသို့ ရောက်ရှိခဲ့ပြီး ပြည်တွင်းချန်ပီယံဆုများ ရယူပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ အခြေမလှခဲ့ပေ။ ထို့ကြောင့် ပြီးခဲ့သည့်နွေရာသီတွင် PSG အသင်းနှင့် လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေခဲ့သည်။ ၎င်းကိုခေါ်ယူရန် အက်စ်ပန်ညိုနှင့် ဆောက်သမ်တန်အသင်းတို့က စိတ်ဝင်စားခဲ့သော်လည်း အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ဘဲ ယခုအခါ နိုက်စ်အသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း သိရသည်။ နိုက်စ်အသင်းသည် ၎င်းတို့၏ နည်းပြ ဂယ်လ်ချီကို ပြီးခဲ့သည့်နွေရာသီတွင် PSG အသင်းထံ လက်လွှတ်ခဲ့ရပြီး ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖာကို ပြန်လည်အစားထိုးခန့်အပ်ခဲ့သည်။ ယခုအခါ လူစီယန်ဖာ၏ စွမ်းဆောင်ရည်ကို အားရကျေနပ်ခြင်းမရှိသည့်အတွက် ပိုချက်တီနိုနှင့် အစားထိုးရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။ ပိုချက်တီနိုကလည်း ဥရောပထိပ်တန်းလိဂ်တစ်ခုခုတွင် နည်းပြအဖြစ် ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိ နေကြောင်း သိရသည်

Share: