ညအိပ်ခါနီး (၂) နာရီအလိုမှစ၍ မည့်သည့် အီလက်ထရောနစ်ပစ္စည်းကိုမျှ မသုံးခြင်းက စွမ်းဆောင်ရည်တက်စေသည်ဟု ဟော်လန်းဆို
မန်စီးတီးအသင်း၏ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး ဟော်လန်းက သူသည် ညအိပ်ခါနီး (၂) နာရီအလိုမှစ၍ မည်သည့် အီလစ်ထရောနစ်ပစ္စည်းကိုမျှ မသုံးဘဲ ရှောင်ကြဉ်ခြင်းက သူ၏ စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်လာစေသည်ဟု ပြောကြားခဲ့သည်။ ဟော်လန်းသည် ယခုရာသီတွင် မန်စီတီးအသင်းအတွက် (၁၄) ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပြီး သူ၏ စွမ်းဆောင်ရည်မြင့်မားခြင်းနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်ကို မေးမြန်းခဲ့ရာ ၎င်းက ''ကျွန်တော့်ဆီမှာ စပယ်ရှယ် မျက်မှန်တစ်လက် ရှိပါတယ်။ ကျွန်တော်က အဲဒီမျက်မှန်ကို နေ့တိုင်း တပ်တယ်။ ဒီမျက်မှန်ကတော့ တခြားမဟုတ်ဘူး။ ညအိပ်ခါနီး (၂) နာရီအလိုကစပြီး ဘယ်အီလက်ထရောနစ်ပစ္စည်းကိုမှ မသုံးတော့တဲ့ မျက်မှန်ပါပဲ။ ဒီမျက်မှန်က ကျွန်တော့်ကို ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး ကျွန်တော့်ကို ပိုမိုခွန်အားပြည့်စေပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကိုလည်း အနည်းဆုံးတော့ နည်းနည်းဖြစ်ဖြစ် တိုးတက်စေပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုကိုလည်း ပိုပြီးတော့ ပေးနိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Share: