ဂရီးလစ်ရှ်အတွက် ပျောက်ဆုံးနေတဲ့အရာ
ဂျက်ဂရီးလစ်ရှ်က လက်ရှိ ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်တယ်။ ဗီလာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့သူဟာ မန်စီးတီးနဲ့ ပထမဆုံးရာသီမှာပဲ အမှတ်ပေး ချန်ပီယံဖြစ်ခဲ့တယ်။ ဒီနှစ်လည်း ပရီးမီးယားလိဂ် ထပ်ရဖို့ ရေပန်းအစားဆုံး ဖြစ်နေသလို ဥရောပမှာလည်း ချန်ပီယံ တစ်ပြေးနေတဲ့ အသင်းမှာ ကစားနေရခြင်း ဖြစ်တယ်။ ဒါပေမဲ့ မေးခွန်းတွေက မန်စီးတီးအတွက် ရှိနေတာ မဟုတ်ဘူး။ ဂရီးလစ်ရှ်အတွက် ရှိနေတာပါ။ သူက ပေါင်သန်း(၁၀၀)တန် ကစားသမား ဖြစ်တယ်။ ဂွါဒီယိုလာ အရမ်းနှစ်သက်တဲ့ ကစားသမားဖြစ်သလို အသင်းဖော်တွေကလည်း သူ့ကို အရမ်းချစ်ခင်ကြတယ်။ အင်္ဂလန်အသင်းမှာ၊ မန်ချက်စတာမှာ သူ့ အနာဂတ်က တောက်ပလို့ နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခြေစွမ်းနဲ့ ပွဲထွက်ခွင့်ကို ထပ်ပြီး မမြှင့်တင်နိုင်ဘူးဆိုရင် ဒီအရာတွေအားလုံး ကွယ်ပျောက်သွားလိိမ့်မယ်။ မန်ချက်စတာစီးတီးနဲ့ ပထမဆုံးရာသီမှာ ကစားပုံအသစ်၊ နေရာသစ်၊ ပြီးတော့ ပြောင်းရွှေ့ ကြေးတွေကြောင့် သူ ဖိအားများခဲ့တယ်။ သူနဲ့ မာရက်ဇ်က ဘောလုံးကိုင်ပြီး ကစားတဲ့ကစားသမားတွေထဲမှာ ထူးထူးခြားခြား ဂွါဒီယိုလာ သဘောကျခြင်း ခံရတဲ့သူတွေ ဖြစ်တယ်။

Share: