ပရီးမီးယားလိဂ်ပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
မန်စီးတီး - မန်ယူ (တနင်္ဂနွေည ရး၃၀ နာရီ) မန်စီးတီးအသင်းက ပြီးခဲ့တဲ့ရာသီတုန်းက မန်ချက်စတာယူနိုက်တက်ကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့တယ်။ ဒီရာသီ မှာလည်း မန်စီးတီးက တိုက်စစ်အကောင်းဆုံးအသင်းဖြစ်သလို၊ ခံစစ်အကောင်းဆုံးအသင်းလည်းဖြစ်နေတယ်။ ဒါပေမဲ့ လက်ရှိ ခြေစွမ်းပိုင်းအရဆိုရင် မန်ချက်စတာယူနိုက်တက်က မန်စီးတီးကို ဒုက္ခပေးနိုင်ဖို့ လုံလောက်တဲ့အခြေအနေမှာ ရှိပါတယ်။ အလန်ဂါတို့နဲ့သာကစားမယ်ဆိုရင်တော့ မျှော်လင့်ချက်နည်းတယ်။ လူမှန်၊ နေရာမှန် ပွဲထွက်လာဖို့ အရေးကြီးတယ်။ လီဗာ ပူးလ်၊ အာဆင်နယ်တို့ကို အနိုင်ကစားတဲ့ ခြေစွမ်း၊ ပုံစံတွေက မန်စီးတီးကို မန်ယူ ခံကစားမယ့်ပုံစံဖြစ်ပြီး မန်စီးတီးလည်း သတိ ကြီးကြီးထားရလိမ့်မယ်။ ဒါပေမဲ့ ဟော်လန်းဦးဆောင်တဲ့ တိုက်စစ်နဲ့ လက်ရှိ မန်စီးတီးရဲ့ ခြေအဆင့်အတန်းကြောင့် ဒီပွဲက မန် စီးတီးပဲ နိုင်ပါလိမ့်မယ်။ လိဒ်စ် - အက်စတွန်ဗီလာ (တနင်္ဂနွေည ၁၀း၀၀ နာရီ) လိဒ်စ်ယူနိုက်တက်ရဲ့ခြေစွမ်းက အရမ်းမှန်းရခက်တယ်။ တိုက်စစ်ကို အသားပြု ကစားတဲ့ အသင်းတစ်သင်းအနေနဲ့ အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်သလို တစ်ခါတစ်ရံ မထင်မှတ်တဲ့ ရှုံးပွဲတွေကိုလည်း တွေ့ရတယ်။ အက်စတွန်ဗီလာက နောက် ဆုံးနှစ်ပွဲမှာတော့ တိုးတက်မှုကို ပြလာပါတယ်။ လိဒ်စ်အသင်းက ကစားပုံပိုကောင်းပေမဲ့ ဗီလာက ပိုမာကျောတယ်။ ဗီလာကို ကြိုက်တယ်။

Share: