ဒေးဗစ်ဆေးလ်ဗား၏ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုစံချိန်ကို ဒီဘရိုင်းနား ကျော်ဖြတ်
မန်စီးတီးအသင်း၏ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် မန်ချက်စတာဒါဘီပွဲတွင် ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ခဲ့သည့်အတွက် မန်စီးတီးကစားသမားဟောင်း ဒေးဗစ်ဆေးလ်ဗား၏ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒေးဗစ်ဆေးလ်ဗားသည် မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်(၃၀၉)ပွဲကစားရာတွင် ဂိုးဖန်တီးမှု (၉၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ယခု ဒီဘရိုင်းနားက (၂၁၈)ပွဲ ကစားအပြီးမှာပင် ဂိုးဖန်တီးမှု (၉၄)ကြိမ် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ဒီဘရိုင်းနားသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းတွင်လည်း အာဆင်နယ်ကစားသမားဟောင်း ဒင်းနစ်ဘားကင့်နှင့်အပြိုင် နံပါတ်(၅)နေရာသို့ ရောက်ရှိလာခဲ့သည်။ ပရီးမီးယားလိဂ်၏ ဂိုးဖန်တီးမှုအများဆုံး ကစားသမား ပွဲ ဖန်တီးမှု ရိုင်ယန်ဂစ် ၆၃၂ ပွဲ ၁၆၂ ကြိမ် ဖာဘရီဂတ်စ် ၃၅၀ ပွဲ ၁၁၁ ကြိမ် ၀ိန်းရွန်နီ ၄၉၁ ပွဲ ၁၀၃ ကြိမ် လမ်းပတ် ၆၀၉ ပွဲ ၁၀၂ ကြိမ် ဒီဘရိုင်းနား ၂၁၈ ပွဲ ၉၄ ကြိမ် ဒင်းနစ်ဘားကင့် ၃၁၅ ပွဲ ၉၄ ကြိမ်

Share: